5/16/2015

♪ Galaxy S6 Edge Iron Man Edition မကြာမှီ… လာမည်… မျှော်…. ♫



အားလုံးပဲ မျှော်လင့်စောင့်စား နေကြတဲ့ Marvel’s Avengers: Age of Ultron ရုပ်ရှင်ဟာ ကမ္ဘာတစ်ဝန်းမှာ အောင်ပွဲခံလျက်ရှိပြီး အမေရိကန် ပြည်တွင်းမှာဆိုရင် သမိုင်းတစ်လျှောက်မှာ ရုံတင်ပြီး ၁ ပတ်အတွင်း ဒုတိယမြောက် ဝင်ငွေအများဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
 
Marvel ဟာ ယင်းတို့ရဲ့ ရုပ်ရှင်တွေကို လူသိများအောင် မားကက်တင်း ပြုလုပ်ရာမှာ တစ်ဖက်ကမ်း ခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ဆိုရမှာဖြစ်ပြီး မားကက်တင်းနဲ့ ပရိုမိုးရှင်းပိုင်းမှာ နှစ်စဉ် ဒေါ်လာ ဘီလီယံချီ သုံးစွဲလေ့ရှိတဲ့ Samsung နဲ့ ၂၀၁၄ ခုနှစ် ဂျွန်လကတည်းက ပူးပေါင်းဆောင်ရွက် နေခဲ့ပါတယ်။ ဒါ့ကြောင့် Avengers: Age of Ultron ထဲမှာ Galaxy S6 နဲ့ Galaxy Tab S တို့ကို ပရိသတ် ကြီး တွေ့မြင်ကြရမှာပါ။

ယင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဒီမှာတင် မရပ်နေပါဘူး။ Marvel ရဲ့ စူပါဟီးရိုးတွေကို နှစ်သက် သူတွေနဲ့ Galaxy S6 Edge ကို ကြိုက်တဲ့သူတွေအတွက်ပါ တစ်ပေါင်းတည်း အထူး သဘောကျစေမယ့် အနီရောင်ကိုယ်ထည် Galaxy S6 Edge Iron Man Edition ကို မကြာမီ ဖြန့်ချိရောင်းချ သွားတော့မှာ ဖြစ်ပါတယ်။

Galaxy S6 Edge Iron Man Edition ကို မကြာမီ စတင်ဖြန်ချိ သွားမှာဖြစ်ကြောင်းကို ယနေ့မှာတော့ ပုံမှာ မြင်ရတဲ့အတိုင်း မထိတထိ ကလိသွားခဲ့ပါတယ်။

ကောလာဟလများ ထွက်ရှိနေသလို Captain America ၊ Thor ၊ The Hulk ၊ Black Widow ၊ Hawkeye နဲ့ Nick Fury စူပါဟီးရိုး ၆ ဦးလုံး အနေနဲ့ ကိုယ်ပိုင် S6 နဲ့ S6 Edge ဗားရှင်းများ ရရှိရန်မှာမူ မသေချာသေးပါဘူး။

Samsung အနေနဲ့ Galaxy S6 Edge Iron Man Edition ကို တရားဝင် မိတ်ဆက်ပြသ ရခြင်းမရှိသေးပေ မယ့် Avengers စူပါဟီးရိုးတွေကို ရူးသွပ်သူ ကိုရီးယားနိုင်ငံသား Jang Yuseong ရဲ့ ပြီးခဲ့တဲ့ မတ်ခ်ျလ အတွင်းက စိတ်ကူးပုံဖော် ဖန်တီးထားတဲ့ Galaxy S6 Edge The Avengers Edition စမတ်ဖုန်း ပုံစံဒီဇိုင်းများနဲ့ တူညီပါစေလို့ ဆန္ဒရှိမိတာကတော့ အမှန်ပါပဲ။

Myanmar Consumer Guide

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download