3/12/2015

♪ လုပ်ဆောင်ချက် စုံလင်ပြီး ဈေးနှုန်း သင့်တင်သော X-BO V5 ♫


လုပ်ဆောင်ချက်များ စုံလင်စွာပါဝင်ပြီး ဈေးနှုန်းသင့်တင့်သော တရုတ်နိုင်ငံလုပ် X-BO V5 ဟန်းဆက်ဖြစ်သည်။ Dual SIM & Dual Standby ဖြစ်ပြီး ပုံမှန်ဆင်းမ်ကတ် အနေဖြင့် ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။ 2G, 3G ကွန်ရက်များတွင် အသုံးပြုနိုင်သည်။

Dual-Core 1.3GHz CPU နှင့် RAM 512MB ထည့်သွင်း အသုံးပြု ထားသည်။ Internal Storage Memory 4GB  ပါဝင်ပြီး လိုအပ်ပါက 16GB  အထိ ထပ်တိုးအသုံးပြု နိုင်မည်ဖြစ်သည်။ Android v4.4.2 KitKat OS ကို ထည့်သွင်း အသုံးပြု ထားသည်။ Proximity, Accelerometer, Gyro, Compass Sensor များ ထောက်ပံ့ပါဝင်သည်။  ၅ လက်မ အရွယ် WVGA Capacitive Touch Screen, 16M color Display ကို အသုံးပြုထားသည်။

ထူးခြားချက် အနေဖြင့် 5MP ရှိသည့် ကင်မရာ တစ်လုံးတည်းမှ 175 ဒီဂရီ လှည့်ပတ်ရိုက်နိုင်သော Round စနစ်နှင့်ဖြစ်ပြီး ကင်မရာကို လှည့်ရုံဖြင့် ကင်မရာ Function ထဲသို့ အလိုအလျောက် ရောက်သွားရန် စီမံပေးထားသည်။ Lock ဖြုတ်ပြီး Screen ပေါ်သတ်မှတ် သင်္ကေတများကို ရေးခြစ်ပေးရုံမျှဖြင့် သတ်မှတ် Function ထဲဝင်ရောက် နိုင်သည့် Smart Wake စနစ်ကိုလည်း ထည့်သွင်းအသုံး ပြုထားသည်။ MYANMAR  XDA (နေပြည်တော်) ဖုန်း ၀၉-၃၂၀၅၁၈၃၉ ၌ ဆက်သွယ် ဝယ်ယူနိုင်သည်။


Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com