3/10/2015

♪ Viber က သူ၏ မိုဘိုင်းဂိမ်းများကို တစ်ကမ္ဘာလုံးတွင် ကစားနိုင်အောင် ပြုလုပ်ပေး ♫

3


Viber က သူ၏ မိုဘိုင်းဂိမ်းများကို တစ်ကမ္ဘာလုံးတွင် ကစားနိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ Viber က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကန့်သတ်နိုင်ငံအချို့ ၌ သူ၏ iOS နှင့် Android ဂိမ်း သုံးမျိုးကို ဖြန့်ချီပေးခဲ့ပြီး ယခုမှသာ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ခြင်း ဖြစ်ပါသည်။

Viber Candy Mania, Viber Pop နှင့် Wild Luck Casino ဂိမ်းသုံးမျိုးဖြစ်ပြီး ကစားသူများအနေဖြင့် Viber မှ သူငယ်ချင်းများနှင့် ဂိမ်းများ အတူတကွ ကစားနိုင်ခြင်း၊ အမှတ်များ ယှဉ်ပြိုင်နိုင်ခြင်း၊ အောင်မြင်မှု များ ပြသနိုင်ခြင်းနှင့် လက်ဆောင်များ ပေးပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ပထမဂိမ်းနှစ်ခုမှာ Viber Sticker ဇာတ်ကောင်များကို အခြေခံထားပြီး Puzzles နှင့် Adventure အမျိုးအစားဂိမ်းများ ဖြစ်ပါသည်။ Wild Luck Casino မှာ Slots ဂိမ်းဖြစ်ပြီး ဆုလက်ဆောင်နှင့် အကြွေစေ့ များ အနိုင်ရရှိနိုင်ပါသည်။

Viber ၏ ဂိမ်းများတွင် Items များကို ငွေကြေးဖြင့် ၀ယ်ယူနိုင်ပါသည်။ လာမည့် လများတွင် ဂိမ်းအသစ်များ ကို ဖြန့်ချီပေးမည်ဟု သိရပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com