3/02/2015

♪ တက္ကသိုလ်များတွင် ၀ိုင်ဖိုင်အခမဲ့ သုံးလိုက MPT ကူညီမည် ♫

http://eu-static.west-quay.co.uk.s3.amazonaws.com/Live/Images/aa!_wifi.png


ပြည်တွင်းရှိ တက္ကသိုလ်များတွင် ပညာရေးကဏ္ဍအတွက် အထောက်အကူဖြစ်စေရန် ၀ိုင်ဖိုင်ဖြင့် အခမဲ့ အင်တာနက် အသုံးပြုခြင်းများ ပြုလုပ်လိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ဆက်သွယ်နိုင်ပြီး လိုအပ် သည့် ဘန်ဝှစ်ပမာဏကို ထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။

‘‘MPT ရဲ့ ဆက်သွယ်ရေး စခန်းနဲ့ နီးပြီး ဖိုက်ဘာကေဘယ် အလွယ်တကူ ဆွဲလို့ရတဲ့ တက္ကသိုလ်တွေဆိုရင် စိစစ်ပြီးတော့ ခွင့်ပြုပေးပါမယ်။ လိုအပ်တဲ့ ၀ိုင် ဖိုင်ပြန်လွှင့်ဖို့ စက်ပစ္စည်းတွေနဲ့ စနစ်တွေ ကိုတော့ ကျောင်း ကပဲ တပ်ဆင်ရမှာဖြစ်ပြီး ဘန်ဝှစ်ကို တော့ လစဉ်အသုံးပြုခ မယူဘဲ အခမဲ့ပေးသွားမှာ ဖြစ်ပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသတင်းအချက်အလက် နည်းပညာဌာန အင်ဂျင်နီယာချုပ်ဦးမျိုးဆွေ က ပြော သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် လက်ရှိတွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် စစ်တွေတက္ကသိုလ် တို့အပါအ၀င် တက္ကသိုလ်ခုနစ်ခု၌ ၀ိုင်ဖိုင်အသုံးပြုနိုင်ရန် တပ်ဆင်ပေးထား ကြောင်း သိရသည်။ထို့အပြင် အခြားသော တက္ကသိုလ်ပေါင်း ၂၀ ကျော်တွင် လည်း ဖိုက်ဘာကေဘယ်ပြေးဆွဲ ခြင်း လုပ်ငန်းများ ဆောင် ရွက် ပေးထားပြီး လိုအပ်သည့် ၀ိုင်ဖိုင်စနစ်များ တပ်ဆင်ရန် စီစဉ်လျက် ရှိသည်။
‘‘ဒီစနစ်ကို တပ်မယ်ဆိုရင် ကျောင်းသားတွေရဲ့ပညာရေးအတွက် အမှန်တကယ် အသုံးပြုနိုင်အောင် လုပ်ပေးဖို့တော့ လိုအပ်တယ်။ ပါချုပ် ရုံးခန်းနားလောက်ပဲ သုံးလို့ရအောင် လုပ်မယ်ဆိုရင်တော့မရဘူးလေ။ အဲဒါတွေကိုတော့သေချာစိစစ်သွားမယ်’’ ဟု ဦးမျိုးဆွေက ပြောသည်။

ဝိုင်ဖိုင်အခမဲ့အသုံးပြုခွင့်ပေး လိုက်သည့်အတွက် ကျောင်းသားများအနေဖြင့် ပညာရေးအထောက်အကူ ၀က်ဘ်ဆိုက်များ ရှာဖွေလေ့လာခြင်း၊ စာတမ်းပြုစုသည့် အချက်အလက်များ၊ စာအုပ်များကို ဒေါင်းလုတ်ပြု လုပ်နိုင်မည်ဖြစ်သည်။

7 Day Daily

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com