3/19/2015

♪ Mobile ဖုန်းများ ကို ကိုယ်တိုင် ပြုပြင်ရင်း Mobile နည်းပညာများ ကို ဆည်းပူလိုပါသလား ♫


The Last Mobile
Service & Training Centre
--------------------------------------------------------
“သား ရေ သင်တန်း လေး စုံစမ်း  ချင်လို့ ကွယ် ……. ”
အသက် ခပ်ရွယ်ရွယ် ကောင်လေး တစ်ယောက် နှင့် သူ၏ အမေတို့  သင်တန်း သို့ လာရောက် စုံစမ်း နေခြင်း ဖြစ်သည်  ။
“ဟုတ်ကဲ့ …. ပြောပါ ခင်ဗျာ … ”
“အင်တာနက် မှာ သားတို့ ကြော်ငြာလေး တင်ထား တာတွေ့တာနဲ့ … သဘောကျလို့ လူကိုယ်တိုင် လာရောက် စုံစမ်း တာပါကွယ် ….. ”
“ဟုတ်ကဲ့ …. တက်မှာ က ဘယ်သူလဲ မသိဘူးး …. ။ ”
“ ဒီမှာ အန်တီ့ သား လေ … ဒီ နှစ်မှ ဆယ်တန်း ဖြေထားတာ … လွန်ခဲ့တဲ့ တစ်လ နှစ်လ လောက် ကတည်းက သူ အင်တာနက် မှာ သားတို့ The Last Mobile ကြော်ငြာ တွေ့ပြီး ကတည်းက တက်ချင်လွန်းလို့ အန်တီ့ ကို ပူဆာနေတာ …. စာမေးပွဲ ပြီးမှ တက်ရမယ် ဆိုလို့ ခုမှ လာတာ … ပထမ အပတ်စဉ် (၅) လောက် ကတည်းက သား က ပြောနေတာ … ”
“အော် .. ဟုတ်ကဲ့ ပါ အန်တီ …. လက်ရှိ လောလောဆယ် တော့ ….. သင်တန်း အပတ်စဉ် (၆) က သင်္ကြန်ပြီးမှ ဖွင့်မှာပါ …. ”
“အေး … သားတို့ ကြော်ငြာမှာ ဖတ်ရပါတယ် ကွယ် …. .. သူလည်း စာမေးပွဲ ဖြေထားလို့ ပင်ပန်းနေတာနဲ့ ဘာနဲ့ … သင်္ကြန် ခဏ လောက်နားခိုင်းပြီးမှ သားတို့သင်တန်း ဖွင့်မှာ ဆိုတော့ အဆင်ပြေပါတယ် … ကြော်ငြာ ချည်းပဲ ဖတ်ရတာ အားမရလို့ .. သား ကပဲ ထပ်ပြီး သင်တန်း အကြောင်း လေး  ရှင်းပြပေးပါဦး ကွယ် … ”
“ဟုတ်ကဲ့ … အဲ့တော့ ညီလေး က  ဘာအပိုင်း ကို စိတ်ဝင်စား တာလဲ … Software ပိုင်းလား ၊ Hardware ပိုင်းလား ။ သင်တန်း ပြီးရင် ရော .. ဆိုင် တစ်ဆိုင်မှာ အလုပ် ၀င်ချင်တာလား ၊ ဒါမှ မဟုတ် ကိုယ်တိုင် ဆိုင်ဖွင့်ချင်တာလား .. ”
“ဟုတ်ကဲ့ .. အကို ရည်ရွယ်ထားတာတော့ ကိုယ်ပိုင် ဆိုင် ဖွင့်ဖို့ပါ … ။ ဒါပေမဲ့ အတွေ့အကြုံလေးလည်း ယူချင်တာကြောင့် သင်တန်းပြီးရင် ဆိုင်တစ်ဆိုင်ဆိုင်မှာ အလုပ် ၀င်လုပ်ဖို့တော့ ရည်ရွယ်ထားပါတယ် … အဲ့ဒါကြောင့် … ၂ မျိုးလုံးတော့ တက်ချင်ပါတယ် …. ။ ဘယ်ဟာက ပို အရေးကြီး လဲ ဆိုတာ ရှင်းပြပေးပါဦး …”




“အေးပေါ့ … အဓိက ဆိုင် ပြန်ဖွင့်ချင်တာဆိုတော့ ၂ မျိုးလုံး တက်ထားတာတော့ ပိုကောင်းတာပေါ့ကွာ…. ။ ဘယ်ဟာက ပိုအရေးကြီးလဲ ဆိုတာတော့ မရှိပါဘူးး .. ။ ဖုန်း တစ်လုံး ပြင်ဖို့ အတွက် Software ပိုင်းက အရေးကြီးသလို Hardware ပိုင်းက လည်း လုံးဝ အကျွမ်းကျင်ကြီး မဟုတ်တောင် နည်းနည်းပါးပါးလောက် သိနေမှ ဖြစ်မှာ …. ။ ”
“ရှင်းပြရမယ် ဆိုရင် ဖုန်း တစ်လုံး ရောင်းရပြီ ဆိုတာနဲ့ အရင်ဆုံး လိုမှာက Software Service ။ ဥပမာ Game , Application သွင်းမယ် ၊ မြန်မာဖောင့် ထည့်မယ် စသဖြင့်ပေါ့ …. ။ Hardware က ကျတော့ … ၀ယ်သွားပြီး တစ်ခုခု Error တက်မှ ၊ ဥပမာ လွတ်ကျတာမျိုး ၊ ရေစိုတာမျိုး အဲ့လိုမျိုး ကျမှ Customer က လာပြီးတော့ ပြင်မှာ …. ။ အဲ့တော့ ၂ ခု လုံး ကတော့ သူ့ဟာနဲ့ သူတော့ အရေးကြီးတာပဲ ညီလေး ရ … ။ ”
“ဟုတ်ကဲ့ … ကျွန်တော်က Electornic ပိုင်း ကို ၀ါသနာ ပါတော့ … Hardware ပိုင်းကို ပိုပြီး စိတ်ဝင်စားပါတယ် … ။ ဒါပေမဲ့ အကို ပြောသလို Software ပိုင်းကလည်း လွှတ်ထားလို့ မရတာကြောင့် ရသလောက်တော့ လေ့လာချင်ပါတယ် … ။ အဲ့ဒါကြောင့် တက်ဖြစ်မယ် ဆိုရင် ၂ မျိုးလုံး တက်ဖြစ်မှာပါ …  ။ ”
“အေး.. အဲ့တော့ ညီလေး က ကွန်ပျူတာ အခြေခံတွေဘာတွေရော ရှိလား … ”
“ဟုတ်ကဲ့ .. ကွန်ပျူတာ အခြေခံတော့ မရှိဘူး ဗျ… ။ ၉ တန်း အောင် တုန်း ကတော့ အခြေခံ လေး တက်ဖူးတယ် ၊ မေ့တေ့တေ့ပေါ့ဗျာ …. ”
“အေးပါ .. ပြသနာတော့  သိပ်မရှိပါဘူး .. ဒီမှာက ကွန်ပျူတာ အခြေခံ ကို အစ က ပြန်သင် ပေးတယ်လေ ..”
“အဲ့တော့ သင်တန်း အကြောင်း တစ်ချက် ရှင်းပြပေးမယ် … အရင်ဆုံး Software ပိုင်း ကို ရှင်းပြပေးမယ် ”
“Software ပိုင်းမှာတော့ .. လက်ရှိ လူသုံး အများဆုံး OS ၂ ခု ဖြစ်တဲ့ Android ပိုင်းနဲ့ iOS ပိုင်းကို အဓိက ထားပြီး သင်ကြားပေးတယ် … … ။ Android ပိုင်းမှာ ဆိုရင် ခု မြန်မာနိုင်ငံများ လူသုံး အများဆုံး Brand တွေ ဖြစ်တဲ့ Samsung , Sony , HTC , Huawei စ တဲ့ နာမည်ကြီး Brand တွေ အပြင် ခုနောက်ပိုင်း ခေတ်စား လာတဲ့ … Lenovo , Coolpad , Hisense , Uniscope စတဲ့ Brand တွေနဲ့ .. နောက်ဆုံး နာမည် မရှိတဲ့ China ဖုန်း ၊ တရုတ် Clone ဖုန်းတွေ ၊ Tablet တွေ ၊  Samsung , Sony Clone ဖုန်းလေးတွေ က အစ Firmware ပြန်ရေးတာ ၊ မြန်မာစာဖောင့် ထည့်တာ ၊ Pattern , Password Lock ဖြည်တာတွေ အကုန် သင်ကြားပေးပါတယ် .. ”
“အဓိက ဒီမှာက  Service နဲ့ တွဲပြီး သင်တန်း ဖွင့်ထားတာဆိုတော့ Error တက်လို့ ဆိုင်ကို လာပြတဲ့ အလုံး တိုင်းကို သင်တန်းသား အားလုံး ကို သေသေချာချာ ရှင်း လင်း သင်ကြားပေးပါတယ် … ။ Camera Failed ဖြစ်နေတာတွေ ၊ Gallery ဖွင့်မရတာတွေ ၊ ဖုန်း ခေါ်လို့ မရတာတွေ ၊ အင်တာနက် သုံးလို့ မရတာတွေ ၊ Force Stopped ဖြစ်ပြီး ဘာမှ သုံးမရ ဖြစ်နေတာတွေ စတဲ့ ဆိုင်ကို လာပြတဲ့ Software ပိုင်းနဲ့ ပတ်သတ်တဲ့ Error တွေ အကုန်လုံး ကို ဘယ် Error မှာ ဘယ်လို လက်ခ တောင်းယူ ပုံ တောင်းယူနည်းက အစ စနစ်တကျ နဲ့ သေချာ ရှင်းလင်း ပြသ သင်ကြားပေးပါတယ် … ။  ”
“Pattern , Password Lock တွေ ကျပြီး ဖွင့်လို့ မရ ဖြစ်နေတဲ့ ဖုန်းတွေ အတွက် ADB Command တွေ အသုံးပြုပြီး အထဲက Data တွေ မပျက်စေ ပဲ ဖြည်တဲ့ နည်းတွေ ၊ နောက်ဆုံး Data တွေ ဖျက်ပြီး ဖြည်တဲ့ နည်းတွေ ကို လက်တွေ့ သင်ကြား ပြသပေးပါတယ် … ။ ”
“Software ပိုင်း ပြုပြင်တော့မဲ့ လူ တစ်ယောက် အတွက် ဖုန်း Software ပိုင်း အပြင် ကွန်ပျူတာ ပိုင်းဆိုင်ရာ ဗဟုသုတ လည်း လိုအပ်တာမို့လို့ စာသင်ကြားနေရင်း နဲ့ အလျင်းသင့်သလို ကွန်ပျူတာ ဆိုင်ရာ ဗဟုသုတ လေးတွေ ကိုလည်း ထည့်သွင်း သင်ကြားပေးပါတယ် … ။ ”


“Gmail Account , Viber Account , WeChat Account , Skype Account အစရှိတဲ့ အကောင့် တွေ အကုန်လုံး အတွက် အကောင့်ဖွင့်နည်းတွေ ကို သင်ကြားပေးတဲ့ အပြင် … ယနေ့ ခေတ်ရဲ့ ရေပန်းစား လူကြိုက် အများဆုံး Facebook Account ဖွင့် တာတွေ ၊ Lock ဖြည်တာတွေ အတွက် ကိုလည်း စာတွေ လက်တွေ့ သေချာ သင်ကြားပြသပေးပါတယ် … ။ ”
“အဓိက က Software ပိုင်းနဲ့ ပတ်သတ်ပြီး အသက်မွေးဝမ်းကြောင်း ပြုချင်သူတွေ ၊ ဆိုင်ပြန်ဖွင့်ချင်သူတွေ အတွက် ချက်ခြင်း လက်ငင်း $$ တန်းပြီး ရစေနိုင်မဲ့ နည်းစနစ် တွေ အကုန်လုံး ကို ထည့်သွင်း  သင်ကြားပေးပါတယ် …. ။ ”
“ကျွန်တော် တို့ သင်ကြား ပေးတဲ့ Software ပိုင်းနဲ့ ပတ်သတ်ပြီး အဆင်ပြေဆုံး အချက်ကတော့ သင်တန်းပြီးသွားလို့ သင်တန်းသားတွေ အတွက် ပေးတဲ့ Data တွေကို စနစ်တကျ ဖြစ်အောင် စီစဉ် ပေးထားပါတယ် …  ။ ကို Service လုပ်မဲ့ ဖုန်း တစ်လုံး ကို Model No. အလိုက် Folder တစ်ခုချင်းစီ ခွဲပေးထားပြီး သက်ဆိုင်ရာ Folder ရဲ့ အောက်မှာလဲ 1 . Official Firmware , 2 . Custom Firmware , 3 . Root , 4 . Network Lock (or) other အစ ရှိတဲ့ သေချာ စမ်းသပ်ထားပြီးတဲ့ data file တွေ ၊ firmware file တွေကို တစ်မျိုးချင်းစီ ရှာရ လွယ်ကူအောင် ခွဲပေးထားပါတယ် …. ။ အဲ့ဒါကြောင့် ဖုန်း တစ်လုံးကို Software Service ပြုလုပ်ရမှာ … အရမ်း ကို လွယ်ကူ လျှင်မြန်စေပါတယ် … ။ ”
“အဲ့ဒါတွေ အပြင်ကို လုပ်ပုံ လုပ်နည်း ထူးခြားပြီး ကွဲထွက် နေတဲ့ ဖုန်း တွေ အတွက် လုပ်ပုံ လုပ်နည်း အဆင့်ဆင့်ကို ပုံနဲ့ တစ်မျိုး ၊ မြန်မာလို တစ်မျိုး ၊ English လို တစ်မျိုး ( Website တွေက Save ထားတာတွေပါ )  ကို သက်ဆိုင်ရာ folder အောက်မှာ ထည့်သွင်း ပေးထားတဲ့ အတွက် တိကျ သေချာ စွာနဲ့ လုပ်ဆောင် နိုင်အောင်လည်း စီစဉ် ပေးထားပါသေးတယ် … ”
“တကယ်လို့ လုံးဝ လုပ်လို့ မရတော့ဘူး ဆိုရင်တော့ … ကျွန်တော်တို့ ဆရာတွေရဲ့ ဖုန်း ၊ ဒါမှ မဟုတ် သင်တန်း ဖုန်း ကို ချက်ချင်း ဆက်သွယ်ပြီး မေးမြန်း နိုင်အောင်လည်း အစစ အရာရာ အဆင်ပြေအောင် စီစဉ် ပေးထားပါတယ် …  ”
“အဲ့ဒါက Software ပိုင်း နဲ့ ပတ်သတ်ပြီး သင်ကြားမှု အပိုင်းပါ …. ။ ”
“Hardware ပိုင်း မှာ လက်တွေ့ပိုင်း က အရေးအကြီးဆုံး ဖြစ်တဲ့ အတွက် … Customer တစ်ယောက် ဖုန်း လာပြ ပြီ ဆိုတာနဲ့ ဥပမာ Touch ( မှန်) ကွဲနေတယ် ၊ LCD ကွဲနေတယ် ၊ ဒါမှ မဟုတ် ရေထဲ ကျပြီး ပါဝါ လုံးဝ မလာတော့ ဘူး စတဲ့ Error ပေါင်း သောင်းခြောက် ထောင်နဲ့ လာရောက် ပြုပြင်ကြတဲ့ ဖုန်း တွေ အတွက် တစ်လုံး ချင်းစီ ကို ဆရာ က သေသေချာချာ လက်တွေ့ လုပ်ကိုင် ပြပေးပြီး ၊ Touch မရတာ ဒါကြောင့် ဖြစ်တာ ၊ ရေစိုရင် ဒီဟာ ကိုအရင် စစ်ရတဲ့ စသဖြင့် သေချာ ရှင်းလင်း သင်ကြားပေးပါတယ် … ။ ”
“တကယ်လို့ သင်နေရင်းနဲ့ … သင်တန်းသား တစ်ယောက် ချင်းစီရဲ့ လက်ရည် တွေ ကို ကြည့်ပြီးတော့ သူတို့နဲ့ ကိုက်ညီ မဲ့ Customer တွေ ရဲ့ ဖုန်းတွေ ကို စမ်းပြီး အပ်ကြည့်ပါတယ် ။ ကိုယ်တိုင် ပြုပြင်နိုင်ဖို့ အတွက် ။ နောက်ဆုံး ကိုယ်တိုင် ပြုပြင်မဲ့ ဖုန်းတွေ အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဥပမာ - touch screen တွေ ၊ LCD တွေ ၊ power ic တွေ ၊ ear piece တွေ ၊ mic တွေ က အစ အကုန်လုံး ကို ကိုယ်ကိုယ်တိုင် Spare Parts ဆိုင်မှာ သွားရောက် ၀ယ်ယူပြီး စမ်းသပ်ရမှာပါ …  ။ ကိုယ်တိုင် စမ်းကြည့်လို့ ကောင်းတယ်ဆိုတော့မှ ကိုယ်တိုင် ပြုပြင်ထားတဲ့ ဖုန်း အတွက် Customer ဆီ ကိုယ်တိုင် အပ်ပြီး Error ကို သေသေချာချာ ရှင်းပြရမှာပါ … ။ ”
“အဲ့တော့ အဲ့ဒီလို လုပ်ရာကနေ Spare Parts ဆိုင်ကို ကိုယ်တိုင် သွားဝယ်ရတဲ့ အတွက် နောက်ပိုင်း ကိုယ်ပိုင် ဆိုင်ပြန် ဖွင့်တဲ့ နေရာမှာ Spare Parts ဆိုင် က လူတွေ နဲ့ ရင်းနှီးပြီးသားလို ဖြစ်သွားစေပါတယ် ။ ကိုယ်တိုင် ပြုပြင် လိုက်တဲ့ ဖုန်း ရဲ့ Error ကို Customer ကို တိုက်ရိုက် ရှင်းပြရတဲ့ အတွက် ဆိုင်ဖွင့်တဲ့ အခါ Customer တွေနဲ့ စကား ပြောတဲ့ နေရာမှာလည်း လုံးဝ စိမ်းမနေတော့ပဲ အကျိုးသင့် အကြောင်းသင့် ကို ကွက်တိ ရှင်းပြနိုင်စေပါတယ် … ။ ”
“အဲ့ဒီလို မျိုး သင်ကြားမှု တွေနဲ့ Hardware ပိုင်း ကို သင်ကြားစေပါတယ် ။ ထပ်ပြီးတော့ နောက်ဆုံးပေါ် မှန်ဖြုတ်စက် တွေ ကို အသုံးပြုပြီး မော်ဒယ် မြင့် ဖုန်းတွေ အတွက် အပေါ်မှန်  သီးသန့် ခွဲလဲ နည်းတွေ ကိုလည်း တစ်ယောက်ချင်းစီ ကို သင်ကြား ပြသပေးပါတယ် … ။ ”
“အဲ့ဒါကြောင့် တစ်နေ့ တစ်မျိုး မရိုးနိုင်တဲ့ Mobile Phone တွေရဲ့ Error တွေ ကြားမှာ ဘယ်လို Error လာလာ ရှင်းနိုင်ဖို့ အတွက် သင်တန်းသား ကို အဓိက ထားပြီး သင်ကြား ပြသပေးပါတယ် … ။ ”
“ဒါကတော့ ကျွန်တော်တို့ သင်တန်းရဲ့ Hardware သင်ကြားမှု အပိုင်းတွေပါ …. ။ ”
“တစ်ခြား ဘာများ သိချင်သေးလဲ မသိဘူး …. ။ ”
“အော် .. အေး ပြည့်စုံပါတယ် ကွယ် … ။ ဒါနဲ့ နေစရာ အဆောင် စီစဉ်ပေးတယ်ဆို … ။ ”
“ဟုတ်ကဲ့ အန်တီ .. Software , Hardware ၂ မျိုးလုံး တက်မဲ့ သင်တန်းသား တွေ အတွက် အဆောင် အခမဲ့စီစဉ်ပေးပါတယ် … ။ အဓိက နယ်ကျောင်းသားတွေ အတွက်ပါ …. ။ အန်တီ တို့ က ဘယ်က လာရမှာလဲ …. ”
“အော်.. အေး အန်တီ တို့က တော့ နီးပါတယ်ကွယ် … ဒီ ၈ မိုင်တင်ပါ …. ။ ”
“ဟုတ်ကဲ့ .. ။ အဲ့ဒါဆို အဆောင်တော့ မနေဖြစ်ဘူး ပေါ့နော် …. ”
“အေး အဆောင်တော့ မနေခိုင်းတော့ပါဘူး ။ အိမ်က လည်း နီးတော့ အိမ်ကနေပဲ လာခိုင်းလိုက်မယ် ။ ”
“အဲ့တော့ သင်တန်းကြေး ကရော ၊ ကြော်ငြာ ထဲမှာတော့ Software ၂ သိန်း ၊ Hardware 3 သိန်း လို့ ဖတ်ရတယ် …. ။ ဘယ်လို သွင်းရမလဲ …. ။ အကုန် တစ်ခါတည်း သွင်းခဲ့ရမှာလား … ?? ”
“ဟုတ်ကဲ့ … သင်တန်းကြေးကတော့ Software 2 သိန်း ၊ Hardware ကတော့ 3 သိန်း ပါ ။ နှစ်မျိးပေါင်းတက်မယ် ဆိုရင်တော့ 5 သိန်းပါ ၊ Discount တွေ ဘာတွေ မရှိပါဘူး ။ အပတ်စဉ် (၆) က သင်္ကြန်ပြီးမှ ဖွင့်မယ် ဆိုပေမဲ့ လောလောဆယ် တက်ဖြစ်မယ် ၊ သေချာတယ် ဆိုရင်တော့ တစ်မျိုးစီကို ငါးသောင်းနဲ့ နှစ်မျိုး လုံး အတွက် တစ်သိန်း စရံ အရင် ပေးခဲ့ရပါမယ် .. ။ ကျန်တဲ့ ငွေကိုတော့ သင်တန်း စတက်တဲ့ ရက်မှာ အကုန်လုံး ပေးသွင်း ရပါမယ် … ။ ”
( နယ်သမား များ အတွက် နီးစပ်ရာ ဘဏ် ကနေ ငွေလွှဲပေးပြီး စာရင်း ပေးသွင်းနိုင်ပါတယ် … ။ )
“အေးကွယ် .. အဲ့တော့ တစ်သိန်း အရင် သွင်းခဲ့မယ်လေ … ။ ဒါနဲ့ သင်တန်း ချိန်တွေကရော .. ”
“ဟုတ်ကဲ့ .. သင်တန်းချိန်တွေ ကတော့ .. ”
“SOFTWARE ပိုင်း ဆို
မနက် ၁၀ နာရီ ~ နေ့လည် ၁၂ နာရီ
နေ့လည် ၁၂ နာရီ ခွဲ  ~ နေ့လည် ၂ နာရီ ခွဲ
ညနေ ၃ နာရီ ခွဲ  ~ ညနေ ၅ နာရီ ခွဲ
ထိ တစ်နေ့ ၂ နာရီနဲ့ သုံးချိန် ရှိတယ် …။”
“HARDWARE  ပိုင်းတွေ က
မနက် ၁၀ နာရီ ~ နေ့လည် ၂ နာရီ
ညနေ ၃ နာရီ ~ ည ၇ နာရီ
ထိ တစ်နေ့ ကို လေးနာရီနဲ့ နှစ်ချိန် ရှိပါတယ် ။ လောလောဆယ် သင်တန်းသား မပြည့်သေးတဲ့ အတွက် ကို ကြိုက်တဲ့ အချိန်ကို ရွေးပြီး တက်လို့ ရပါတယ် … ။”
“အေး … အဲ့ဒါဆို Hardware ပိုင်း မနက် ဆယ်နာရီ နဲ့ Software ပိုင်း ညနေ ၃ ခွဲ ထည့်ထားပေးပါ .. ။ ”
“ဟုတ်ကဲ့ပါ … အန်တီ .. စာရင်း ထည့်ထားပေးပါ့မယ် …. ။ သင်္ကြန်ပြီး တာနဲ့ ဖုန်း ဆက်ပြီး ထပ်မံ ဆက်သွယ်လိုက်ပါ့မယ် … ။ ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ … ။”
“အေးပါ သားရယ် … ဘာပဲ ဖြစ်ဖြစ် အန်တီ့ သားလေး ကို သေချာ ဂရုတစိုက်နဲ့ သင်ကြား ပြသပေးပါဦး ၊ မလိမ္မာတာ ရှိရင်လည်း ဆုံးမလို့ ရပါတယ် … ။ သင်တန်း မလာတဲ့ နေ့တွေ ဆိုလည်း အန်တီ့ ဆီကို ချက်ခြင်း ဖုန်း ဆက်ပေးပါနော် … ။ ”
“ဟုတ်ကဲ့ .. စိတ်ချပါ အန်တီ … ။ သူ့ဘက်က ယူနိုင်ရင် ယူနိုင်သလောက် ကျွန်တော် တို့ ဘက်က ပေးဖို့ အသင့်ပါ ခင်ဗျာ …. ။ ”
-----------------------------------------------------------------
သင်တန်း အပတ်စဉ် (၆) ဖွင့်မည့် ရက်
မေလ (၇) ရက်နေ့ ၊ ကြာသပတေးနေ့  …. ။  5  လပိုင်း 7 ရက်နေ့
ကွန်ပျူတာ အခြေခံ စတင် သင်ကြားမည့် ရက်
ဧပရယ် (၂၇) ရက်နေ့ ၊ တနလာင်္နေ့  ။ 4 လပိုင်း 27 ရက်နေ့ … ။
( လူကိုယ်တိုင် လာရောက် စုံစမ်းခြင်း ကို နွေးထွေးစွာ ကြိုဆိုပါတယ် ခင်ဗျာ …. ။ အပတ်စဉ် (၆) အတွက် သင်္ကြန်အပြီးဖြစ်တာကြောင့် ရေစိုဖုန်းများကို ကိုယ်တိုင် ကိုယ်ကျ ချက်ခြင်း ပြင်ဆင်ရင်း မိုဘိုင်းဖုန်း နည်းပညာ များကို လေ့လာ ဆည်းပူး နိုင်မဲ့ အခွင့်အရေး ကို လုံးဝ လက်လွှတ် မခံနဲ့နော် … ။ )
The Last Mobile Service & Training Centre

တိုက်(၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆) ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီ လမ်းထောင့် ( ဘုရားလမ်း မီးပွိုင့်အနီး )  ၊  လှိုင်မြို့နယ် ၊ ရန်ကုန် မြို့ ။
09-33-80-5581 , 09-33-80-5591
http://www.facebook.com/thelast2014


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com