3/12/2015

♪ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်၌ အင်တာနက် ချိတ်ဆက်နိုင်ရန် Internet.org ရည်မှန်းထား ♫


လက်ရှိတွင် နိုင်ငံပေါင်း ခြောက်နိုင်ငံ၌ အခမဲ့အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားသည့် Internet.org သည် ၂၀၁၆ ခုနှစ်၌ နိုင်ငံပေါင်း ၁၀၀ ခန့်တွင် အင်တာနက် ချိတ်ဆက်မှု ပြုလုပ်ရန် ရည်မှန်း ထားကြောင်း သိရသည်။

၎င်းရည်မှန်းချက်နှင့် ပတ်သက်ပြီး Facebook မှထားရှိသည့် ရည်မှန်းချက် ကြီးမား မြင့်မားခြင်း ကို နှစ်သက်ကြောင်း Mobile World Congress တွင် Internet.org အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ ခရစ်ဒန်နီရယ်လ်က ပြောကြားခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က Facebook နှင့် အခြား စီးပွားဖက်များ သည် Internet.org ကိုတည်ထောင်ခဲ့ပြီး ယခုအခါတွင် ကိုလံဘီယာ၊ ဂါနာ၊ တန်ဇန်နီးယား၊ ကင်ညာ၊ အိန္ဒိယနှင့် ဇန်ဘီယားရှိ လူဦးရေ ၇ သန်းခန့် အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။

Internet.org  အဖွဲ့အစည်းသည် အဆိုပါ နိုင်ငံများတွင် အင်တာနက် အသုံးပြုနေလျက် ရှိသော လူဦးရေ အများစုကို အဆင့်မြင့်သည့် data ဝန်ဆောင်မှုများအား   အခကြေးငွေ အနည်းငယ်ဖြင့် အသုံးပြုနိုင်ရန် အခမဲ့ အင်တာနက် ချိတ်ဆက်မှု ပြုလုပ်ပေးခဲ့သည်။ Facebook ၏ဒုဥက္ကဋ္ဌဖြစ်သူ ခရစ်ဒန်နီရယ်သည် Internet.org တွင် အဓိက ဦးဆောင်နေသူ ဖြစ်သည်။ အင်တာနက် အခမဲ့သုံးစွဲ သူများကို အခကြေးငွေဖြင့် သုံးစွဲသူများ အဖြစ်သို့ ပြောင်းလဲရန် အခြေခံ အဆောက်အအုံများ ထောက်ပံ့ပေးသည့် ဆက်သွယ်ရေး ကုမ္ပဏီများ၏ ကဏ္ဍသည်လည်း အရေးပါကြောင်း ဒန်နီရယ်လ်က ပြောဆိုခဲ့သည်။

တစ်နှစ်အတွင်း နိုင်ငံပေါင်း ၁၀၀ ကို အခမဲ့ အင်တာချိတ်ဆက်မှု ပေးသွားမည့် ရည်မှန်းချက် သည် မျှော်မှန်းချက် မြင့်မားလွန်းသော်လည်း အောင်မြင်နိုင်ကြောင်း၊ Internet.org အနေဖြင့် အွန်လိုင်း ဝန်ဆောင်မှု ပေးနိုင်ရန် ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင် နိုင်မည့်နည်းလမ်းကို သိရှိ ထားကြောင်း ဒန်နီရယ်လ်က ပြောကြားခဲ့သည်။

Ref: ComputerWorld
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com