3/12/2015

♪ HTC One M9 ကို ကြေညာ ♫

2

HTC က စွမ်းဆောင်ရည်မြင့် အမျိုးအစား ဖြစ်သော One M9 ကို Mobile World Congress တွင် ကြေညာ လိုက်ပါသည်။

HTC One M9 တွင် ငါးလက်မအရွယ် 1080p Display , 2.0GHz Core လေးလုံးနှင့် 1.5GHz Core လေးလုံးပါသော Qualcomm Snapdragon 810 Chipset တပ်ဆင်ထားပါသည်။ 3GB RAM, 32GB Storage တပ်ဆင်ထားပြီး MicroSD Card ထည့်သွင်းနိုင်ပါသည်။

ဆက်သွယ်မှုအပိုင်းတွင် LTE Cat.6 or Cat.9 (နိုင်ငံအလိုက် ကွဲပြား) , Bluetooth 4.1, NFC, Wi-Fi ac တို့ ပါရှိပါသည်။ 2840mAh Battery ကို အသေတပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် တိုရှီဘာက ထုတ်လုပ်သော 20MP Camera တစ်လုံးကို LED Flash နှစ်ခုနှင့် အတူ တပ်ဆင်ထားပြီး 4K Video များကို ရိုက်ကူးနိုင်ပါသည်။ ကင်မရာတွင် Optical Image Stabilization နည်းပညာ မပါရှိသော်လည်း ခြစ်ရာများ မထင်စေရန် ကင်မရာကို သလင်းကျောက်မျက်နှာပြင်ဖြင့် ကာကွယ်ထားပါသည်။ အရှေ့ဘက်တွင် 4MP UltraPixel Sensor တပ်ဆင်ထားပါသည်။

HTC One M9 တွင် Android 5.0 Lollipop ကို HTC Sense 7 UI နှင့် တွဲဖက် အသုံးပြုထားပါသည်။ မတ်လတွင် ရောင်းချမည်ဟု မျှော်လင့်ရသော်လည်း ဈေးနှုန်းကို မသိရသေးပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com