3/10/2015

♪ HP Spectre x360 ရဲ့ အားသာချက် ၊ အားနည်းချက် ၊ အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
HP Spectre x360 ကိုကျစ်လျစ်သော အလူမီနီယမ် ကိုယ်ထည်ဖြင့် ၃၆၀ ဒီဂရီအထိလှည့်၍ အသုံးပြုနိုင်အောင် ပြုလုပ်ထားသည်။ ထို့အပြင် HP Spectre x360 တွင် ပါဝင်လာသည့် display ၏ ရုပ်ထွက် အရည်အသွေး အလွန်ကောင်းမွန် သည့်အပြင် သက်တမ်းအလွန် တာရှည်ခံသည့် ဘက်ထရီလည်း ပါဝင်လာသည်။

အားနည်းချက်
HP Spectre x360 သည် အခြား hybrid ထုတ်ကုန် များကဲ့သို့ keyboard ကိုဖြုတ်၍ tablet အဖြစ်ပြောင်းလဲ အသုံးပြုနိုင်သည်။ ၎င်းထုတ်ကုန်၏ အလေးချိန်မှာ MackBook Air ထက် ပိုမိုလေးလံသည်။ HP Spectre x360 တွင်ပါဝင်သည့် screen option များသည် ဘက်ထရီ သက်တမ်းကို အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
HP Spectre x360 သည် တန်ဖိုးကြီး စွမ်းဆောင်ရည် မြင့်မားသော hybrid ထုတ်ကုန် တစ်မျိုးဖြစ်ပြီး ဘက်ထရီ သက်တမ်းလည်း တာရှည်ခံသည်။ အဆိုပါ ထုတ်ကုန်ကို အလူမီနီယမ်ဖြင့် အဓိက ဖန်တီးထားသောကြောင့် အလွန်ထင်ရှားသော ဒီဇိုင်းရှိသည်။ မျက်နှာပြင် အရွယ်အစား ၁၃.၃ လက်မရှိသော HP Spectre x360 တွင် touchscreen ပါဝင်ပြီး ရုပ်ထွက် အရည်အသွေး 1,920x1,080 IPS display ကို အသုံးပြုထားသည်။ ထို့အပြင်၎င်း hybrid ထုတ်ကုန်တွင် dual video output များ၊ HDMI နှင့် monitor နှစ်ခုခွဲခြား၍ အသုံးပြုနိုင်သည့် mini Display Port လည်း ပါဝင်သည်။ HP Spectre x360 တွင် ပါရှိသည့် ပရိုဆက်ဆာမှာ 2.2 GHz Intel Core I5-5200U, RAM 8GB, storage 256GB နှင့် Intel HD Graphics 5500 တို့ကို အသုံးပြုထားသည်။ HP သည်ဈေးနှုန်း သက်သာသော Spe-ctre x360 ဗားရှင်းကို ထုတ်လုပ်ထားပြီး ၎င်းတွင် RAM 4GB, storage 512GB သာပါဝင်သည်။

ဘက်ထရီ
HP Spectre x360 ၏ဘက်ထရီ သက်တမ်းသည် အလွန်တာရှည်ခံပြီး ဗီဒီယိုများကို ၁၂ နာရီခန့်အထိ မနားတမ်း ကြည့်ရှုနိုင်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com