3/04/2015

♪ ငါးလက်မ HD Display တပ်ဆင်ထားတဲ့ BlackBerry Leap ကို ကြေညာ ♫

gsmarena_001

BlackBerry က Mobile World Congress မှာ BlackBerry Leap ကို ကြေညာလိုက်ပါတယ်။ ဈေးနှုန်း ချိုသာပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ ငါးလက်မ HD Display တပ်ဆင်ထားပြီး တစ်လက်မ လျှင် Pixel သိပ်သည်းဆမှာ ၂၉၄ ဖြစ်ပါတယ်။

1.5GHz Dual-Core Krait CPU , 2GB RAM , 16GB Storage တို့ပါရှိပြီး 128GB အထိဝင်ဆန့်တဲ့ microSD Card ထည့်သွင်းနိုင်ပါတယ်။

2800mAh Battery ကို အသေတပ်ဆင်ထားပြီး အလွန်အကျွံအသုံးပြုရင်တောင် ၂၅ နာရီ အသုံးခံတယ်လို့ BlackBerry က ပြောပါတယ်။ အနောက်ဘက်မှာ 8MP Auto Focus Camera နဲ့ LED Flash ကို တပ်ဆင် ထားပါတယ်။ ကင်မရာဟာ 5x digital zoom ပြုလုပ်နိုင်ပြီး 1080p Full HD Video များကို ရိုက်ကူးနိုင် ပါတယ်။

Leap မှာ BlackBerry 10.3.1 ကို ထည့်သွင်းထားပါတယ်။ ဧပြီလမှာ ဒေါ်လာ ၂၇၅ နဲ့ ရောင်းချပေးမှာပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com