3/10/2015

♪ Encrypt ပြုလုပ်ထားသည့် Android ဖုန်းနှင့် tablet အသစ်များကို Blackphone ထုတ်ဖော်ပြသ ♫


တစ်ကိုယ်ရေ အချက်အလက် လုံခြုံမှုကို ဦးစားပေးသည့် ဖုန်းများထုတ်လုပ်သော Blackphone ကုမ္ပဏီ သည် encrypt ပြုလုပ်ထားသော ဖုန်းနှင့် tablet ထုတ်ကုန် သစ်များကို Mobile World Congress တွင် ထုတ်ဖော် ပြသခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကုမ္ပဏီအနေဖြင့် MWC ပြပွဲတွင် Blackphone ထုတ်ကုန်အား မိတ်ဆက်ခဲ့ပြီး ယခုနှစ် တွင်မူ Blackphone 2 ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ Blackphone 2 တွင် 64- bit ပရိုဆက်ဆာ၊ ၅.၅ လက်မ မျက်နှာပြင် အရွယ်အစားနှင့် full HD display တို့ ပါဝင်လာသည်။ ထို့အပြင် ကုမ္ပဏီ အနေဖြင့် Blackphone + ဟု အမည်ရသည့် Tablet ကိုလည်း အောက်တိုဘာလတွင် တင်ပို့ရောင်းချ သွားမည်ဖြစ် သည်။ ၎င်းထုတ်ကုန် နှစ်မျိုးတွင် Android အခြေခံထားသည့် Blackphone ၏ လုံခြုံမှု အသားပေး Operating System ကိုအ သုံးပြုထားသည်။ အဆိုပါ OS သည် metadata နှင့် end to end encryption တို့ကို ကာကွယ်ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

Blackphone သည် software tool များဖြစ်သော Silent Circle suite ကိုအခြေခံ၍  လုံခြုံမှုရှိသော ဖုန်းခေါ်ဆိုမှုနှင့် စာတိုပို့ခြင်းတို့ကို ပြုလုပ်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်က Silent Mail အီးမေးလ် ဝန်ဆောင်မှုကို ပိတ်သိမ်းပြီးနောက် Blackphone ထုတ်ကုန်များတွင် အီးမေးလ် ထုတ်ကုန်ပါဝင် လာခြင်းမရှိတော့ပေ။ သို့သော်လည်း ကုမ္ပဏီအနေဖြင့် Sony Pictures တိုက်ခိုက် ခံရပြီးနောက် လုံခြုံရေး သတိရှိလာသည့် စီးပွားရေး လုပ်ငန်းများသို့ encrypt ပြုလုပ်ထားသော မိုဘိုင်းထုတ်ကုန်များ ရောင်းချ သွား ရန်မျှော်မှန်းထားကြောင်း သိရသည်။

Ref: TheVerge
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com