3/19/2015

♪ မိုဘိုင်းဆက်သွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာများကို ဆွေးနွေး ♫

http://www.geekwithlaptop.com/wp-content/uploads/2010/04/mobile-phones-and-health-risk.jpg

မြန်မာနိုင်ငံ၌ အသုံးပြုနေသည့် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်မှ ထွက်ရှိလာသော လျှပ်စစ်သံလိုက် စက်ကွင်းနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာနမှ ကြီးမှူး၍ ဆွေးနွေးပွဲကျင်းပပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲ၌ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်မှ ထွက်ရှိလာသည့် လျှပ်စစ်သံလိုက်စက်ကွင်း အကြောင်းကို ဆက်သွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး စသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များနှင့် GSM Association မှ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲ အချက်အလက်များအရ ပြည်တွင်း၌ အသုံးပြုနေသည့် မိုဘိုင်းကွန်ရက်သည် ကျန်းမာရေး အတွက် ထိခိုက်မှုမရှိနိုင်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသော အန္ဒရာယ်ရှိ လျှပ်စစ် သံလိုက်စက်ကွင်း သတ်မှတ်ချက်ထက် မြန်မာနိုင်ငံက လျော့နည်းမှုရှိကြောင်း သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com