3/01/2015

♪ Android 5.0 Lollipop ကို ပြည်တွင်း၌ အသုံးပြုပါက Unicode နှင့် Zawgyi Font ပြဿနာ အနည်းငယ်ရှိနိုင်ဟုဆို ♫


Android 5.0 Lollipop ကိုပြည်တွင်း၌ အသုံးပြုပါက Unicode Font နှင့် Zawgyi Font ပြသာနာ နည်းငယ်ရှိမည်ဖြစ်ပြီး Android 5.0 Lollipop သို့ အဆင့်မြင့်တင်လိုက်သည်နှင့် Google မှ အသုံးပြုသည့် Unicode Font ကိုသာအသုံးပြုရတော့မည်ဖြစ်ကြောင်း၊ ၄င်းအတွက် Unicode နှင့် Zawgyi Font ပြသာနာ အနည်းငယ်ရှိနိုင်မည်ဖြစ်ကြောင်း LG ၏ မိုဘိုင်းဖုန်းကျွမ်းကျင်သူတစ်ဦးမှပြောသည်။

“လာမယ့် ၂နှစ် ၊ ၃နှစ် အတွင်းမှာ တော့ Unicode ကိုအသုံးပြုလာမှာပါ။ ယခုကြားထဲ မှာတော့ အဆင် မပြေတာလေးတွေ အနည်းငယ်ရှိနေမှာပါ။ နောက်ပိုင်းမှာ မိုဘိုင်းဖုန်း Brand တွေအားလုံး Lollipop တွေ ဖြစ်လာမယ် ဆိုရင် Unicode ကိုလည်း အသုံးပြုလာရမှာ ဖြစ်တဲ့အတွက် အဆင်ပြေလာမှာပါ။ Unicode ကိုအသုံးပြုမယ်ဆိုရင် မြန်မာစာ သင်ကြားခဲ့တဲ့အတိုင်းရေးသားရမှာ ဖြစ်တဲ့အတွက် အခက်အခဲတော့မရှိ နိုင်ပါဘူး။ ဥပမာအနေနဲ့ပြောရရင် (Zawgyi မှာ မြန်မာဆိုတာကို “ြ- မ - န -် မ -ာ” စသည်ဖြင့်ရေးသားရ မှာပါ။ Unicode မှာတော့ “မ -ြ - န -် - မ -ာ” အတိုင်းရေးသားရမှာပါ။) ဟုပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ Facebook Website များနှင့် အခြားသော Android Version ဖုန်းအသုံးပြုသူ များသည် Zawgyi Font ကိုသာအသုံးပြုကြသဖြင့် အသုံးပြုသူအနေဖြင့် Lollipop Version သို့ အဆင့်မြှင့် တင်ထားသော ဖုန်းကို အသုံးပြုပါက Facebook တွင် မြန်မာစာ အမှန်မြင်နိုင်ရန်ခက်ခဲခြင်း၊ Zawgyi Website များတွင် မြန်မာစာ အမှန်မြင်ရန်ခက်ခဲခြင်းနှင့် အခြားသော Android Version ဖုန်းမှ message ပို့သည့်အခါ မြန်မာစာအမှန် မြင်နိုင်ရန်ခက်ခဲခြင်း တို့ကို ကြုံတွေ့ရမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံပြောဆိုသည်။

Lolllipop Version ရရှိပါက ပြည်တွင်း Unicode အသုံးပြုသော Website များ၊ Unicode အသုံးပြုထား သည့် Government Website များကို ၀င်ရောက်ကြည့်ရှုရာတွင် အဆင်ပြေနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်း အသုံးပြုသူများတွင် Unicode အသုံးပြုမှု များပြားလာပါက လည်း အဆိုပါ ပြသာနာများသည် ပြေလည်လာ မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်းရှိ LG အမှတ်တံဆိပ် မိုဘိုင်းဖုန်းများတွင် လက်ရှိ LG G3 အတွက် Lollipop Version ရရှိနေပြီး ကျန်မိုဘိုင်းဖုန်းမော်ဒယ်များအတွက် စမ်းသပ်ဆဲဖြစ်ကြောင်းသတင်း ထုတ်ပြန်မျက်များအရ သိရသည်။

Credit : Techspace Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com