1/09/2015

♪ Xiaomi Redmi Note 4G ကို အိန္ဒိယတွင် ရောင်းပြီ ♫

2

Xiaomi က ၂၀၁၄ ခုနှစ် မကုန်မီတွင် Redmi Note နှင့် Redmi Note 4G စမတ်ဖုန်းများကို အိန္ဒိယတွင် ရောင်းချမည်ဟု နိုဝင်ဘာလတွင် ကြေညာခဲ့ဖူးပါသည်။ ယခုအခါ Xiaomi က Redmi Note 4G ကို ဒီဇင်ဘာလ သုံးဆယ်ရက်နေ့တွင် အိန္ဒိယ ၌ ရောင်းချပေးမည်ဟု ကြေညာလိုက်ပါသည်။

Xiaomi က အိန္ဒိယ၏ အကြီးဆုံး အွန်လိုင်းအရောင်းဆိုင် Flipkart နှင့် ပူးပေါင်း ရောင်းချမည် ဖြစ်သည်။ ထို့အပြင် ကယ်ရီယာ Airtel မှလည်း ၀ယ်ယူနိုင်သည်ဟု သိရပါသည်။

Redmi Note 4G ကို အိန္ဒိယ ရူပီး ၉၉၉၉ (ဒေါ်လာ ၁၅၇) ဖြင့် ရောင်းချမည် ဖြစ်သည်။ Redmi Note 4G တွင် ၅.၅ လက်မ 720 HD Display , 13 MP Rear Camera, 5 MP Front Camera, 2GB RAM, 8GB Storage ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပါသည်။

1.6GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 400 SoC မောင်းနှင် လည်ပတ်မည် ဖြစ်သည်။ 3100mAh Battery တပ်ဆင်ထားပါသည်။ 3G အမျိုးအစားတွင် SIM Card နှစ်ခု အသုံးပြုနိုင်သော်လည်း 4G အမျိုးအစားတွင် SIM တစ်ခုသာ အသုံးပြုနိုင်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com