1/09/2015

♪ Asus က Pegasus X002 စမတ်ဖုန်းကို ကြေညာ ♫

a

Xiaomi က ဈေးသက်သာသော Redmi စမတ်ဖုန်းများဖြင့် တန်ဖိုးနည်း ဖုန်းဈေးကွက်ကို ထိုးဖောက်နေ ပါသည်။ စမတ်ဖုန်း ထုတ်လုပ်သူတိုင်းကလည်း တန်ဖိုးနည်း ဖုန်းဈေးကွက်ကို ပြိုင်ဆိုင်ချင်ပုံပေါ်ပါသည်။

Asus က Pegasus X002 စမတ်ဖုန်းကို ကြေညာလိုက်ပြီး Brand အသစ်တစ်ခုကို စတင်မိတ်ဆက် လိုက်ပါသည်။ Asus က ယခင်က Fone နှင့် Zen အမျိုးအစားများကို ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။ Asus Pegasus X002 သည် Xiaomi Redmi 1S ကို ယှဉ်ပြိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Pegasus X002 သည် ဈေးသက်သာပြီး တရုတ်တွင် ယွမ် ၇၉၉ ဖြင့် ရောင်းချမည် ဖြစ်သည်။ အမေရိကန် ဒေါ်လာ အားဖြင့် ၁၂၈ သာ ကျသင့်မည် ဖြစ်သည်။

Pegasus X002 တွင် ငါးလက်မ HD 720p Display, 2GB RAM, 16GB Storage, 8MP Rear Camera, 5MP Front Camera တို့ ပါရှိပါသည်။ 1.5GH Quad-Core CPU တပ်ဆင်ထားသော 64-bit MT6732 SoC မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 2500mAh Battery ပါရှိပြီး SIM Card နှစ်ခု အသုံးပြုနိုင်ပါသည်။

Android 4.4 KitKat ကို Asus Zen UI နှင့် တွဲဖက် အသုံးပြုထားပါသည်။ တရုတ်နိုင်ငံတွင် ကြိုတင်မှာ ယူနိုင်ပြီ ဖြစ်သော်လည်း အခြားနိုင်ငံများတွင် ရောင်းချမည့် သတင်းကို ကြေညာခြင်း မရှိသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com