1/18/2015

♪ Samsung Galaxy A3 အကြောင်းသိချင်သူများအတွက် ♫


GSM နဲ့ 3G သုံးလို့ရမယ်။ OS Android Version 4.4 (KitKat) ကို ထည့်သွင်းပေးထားပြီး Processor အနေနဲ့ 1.2 GHz Quad-Core ပါရှိတယ်။ Screen အရွယ်အစားက ၄.၅ လက်မရှိပါတယ်။

ကင်မရာအနေနဲ့ကတော့ Rear Camera ကို 8MP သုံးပေးထားပြီး Front Camera ကို 5 MP ပါတဲ့အတွက်ကြောင့် ဓာတ်ပုံကိုပုံထွက်ကောင်းစေမှာပါ။ Wide Selfie, Rear Cam Selfie, Beauty Face Features စတဲ့ Camera Features တွေလည်း ပါဝင်ပါတယ်။

ကင်မရာကောင်းကောင်းပါတဲ့ ဖုန်းတွေကိုမှ ရွေးချယ်ပြီး အသုံးပြုချင်သူတွေအတွက် သင့်တော်တဲ့ ဖုန်းလေး ပါပဲ။ Resolution (1920x1080) ကို သုံးပေးထားတဲ့အတွက်ကြောင့် MP4, HD Video တွေ ရုပ်ထွက် ကောင်းမွန်စေဖို့အတွက် စွမ်းဆောင်ရည်မြင့်မားမှုကို ထောက်ပံ့ပေးထားပါတယ်။ နောက်ပြီးတော့ Ultra Power Saving, Mode, Changeable Theme(Natural, Classic, Casual, Romantic) စသဖြင့် Additional Features တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဘက်ထရိကလည်း အချိန်ကြာကြာ အသုံးခံနိုင်တာကြောင့် အသုံးပြုရ အဆင်ပြေစေမယ့် ဖုန်းပဲဖြစ်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com