1/18/2015

♪ Android ကို Root လုပ်လို့ရလာမဲ့အကျိုးကျေးဇူးများ ♫


1. Total control over system
Root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့် အနေအထားနဲ့ သင့်ကို ပေးနိုင်ပါတယ်။ Root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ - Android phone / tablet ကို root လုပ်ပြီး system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့် ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။ တချို့ apps တွေက အရမ်းရေးကြီးတဲ့ အပိုင်းတွေမှာ ပါသလို တချို့ မလိုအပ်တဲ့ applications က ကျွန်တော်တို့ရဲ့ phone memory ကို နေရာယူပါတယ်။ ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင် မကြိုက် နှစ်သက်တဲ့ applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။

3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ် အသုံးပြုကိုင်နေရတာပါ။ နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။ ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ ဖုန်းတွေက ပြဿနာ အနည်းငယ် ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့် စိတ်ကြိုက် themes နဲ့ ဖုန်း စတိုင်ကို ပြောင်းလို့ရပါတယ်။

4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာသိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ image ကို hard disk မှာ သိမ်းတာပါ။ အထူးသဖြင့် new ROM ကိုအစမ်း သုံးကြည့်ဖို့အတွက် system အားလုံးကို backup လုပ်ထားပြီး SD Card မှာ သိမ်းထားလို့ ရပါတယ်။ new ROM ကို အစမ်း သုံးကြည့်လိုက်ပါ။ ကြိုက် နှစ်သက်လား ၊ မကြိုက် နှစ်သက်တော့ဘူးဆိုရင် Old System ကိုပြန်ပြီး အသုံးပြုလို့ရပါတယ်။ သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ image ရှိလို့ပါ။ သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ ရပါတယ်။

5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက် နှစ်သက်တဲ့ applications တွေကို install ပြုလုပ်နိုင်ပါတယ်။ ဥပမာ - full version အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ။ အရမ်း လွယ်ကူပြီး free ရတဲ့ applications တွေကို ရှာနိုင်ပါတယ်။

6. Install New ROM, Interference
သင့် ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့ အားရတဲ့အခါ (သို့) အခြား New Rom အသစ် သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကိုချိန်းပြီး သုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့ ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အခုဆိုရင် Android developers တွေ အများအပြား ရှိပါတယ်။

Original Author
Source Internet (Knowledge Box)

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com