1/19/2015

♪ Microsoft က ဒေါ်လာ သုံးဆယ်သာ တန်ကြေးရှိသည့် Nokia 215 ကို ကြေညာ ♫

2

Microsoft က တန်ဖိုးနည်း ၀င်းဒိုးဖုန်း ဖြစ်သည့် Nokia 215 ကို CES တွင် ကြေညာလိုက်ပါသည်။ Single-SIM , Dual-SIM နှစ်မျိုး ထုတ်လုပ်ပေးထားပြီး အင်တာနက် ဆက်သွယ်မှုနှင့် အံ့မခန်း ဘက်ထရီ သက်တမ်းပါရှိကာ ဒေါ်လာ သုံးဆယ်သာ တန်ကြေးရှိပါသည်။

Nokia 215 တွင် ၀က်ဆိုက်များ ကြည့်ရှုရန်အတွက် Opera Mini ပါရှိပြီး Facebook App, Facebook Messenger, Twitter တို့ ပါရှိသည့်အတွက် လူမှုကွန်ရက်များကို အသုံးပြုနိုင်ပါသည်။ Bing Search , MSN Weather တို့လည်း ပါရှိပါသည်။

၂.၄ လက်မ QVGA ( 240×320) Display တပ်ဆင်ထားပြီး ဆက်သွယ်မှုအပိုင်းတွင် 2G, EDGE, Bluetooth 3.0 ပါရှိပါသည်။ FM Radio အသုံးပြုနိုင်ပြီး ဘက်ထရီသက်တမ်းမှာ ၄၅ နာရီ အသုံးခံပါသည်။ MP3 သီချင်းများ နားထောင်လျှင် နာရီ ငါးဆယ် အသုံးခံပါသည်။ 32GB အထိ ၀င်ဆန့်သော microSD Card အသုံးပြုနိုင်ပါသည်။ 1100mAh Battery က နာရီနှစ်ဆယ်ကြာ ဖုန်းပြောနိုင်ပြီး Single-SIM အမျိုးအစားတွင် Standby အသုံးပြုလျှင် ၂၉ ရက်ကြာ အသုံးခံပါသည်။ Dual-SIM အမျိုးအစားသည် ၂၁ ရက် အသုံးခံပါသည်။

ဒေါ်လာ သုံးဆယ်တန် Nokia 215 တွင် 0.3 MP Camera တပ်ဆင်ပေးထားပြီး QVGA Resolution ဖြင့် ဗီဒီယို ရိုက်ကူးပေးနိုင်ပါသည်။ LED ပါရှိသော်လည်း ဖုန်း၏ ထိပ်ဆုံးတွင် တပ်ဆင်ထားသဖြင့် ဓါတ်မီးအဖြစ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။

Nokia 215 ၏ Single-SIM နှင့် Dual-SIM နှစ်မျိုးကို အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပရှိ နိုင်ငံများတွင် စတင်ရောင်းချပေးမည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com