1/19/2015

♪ Facebook Messenger တွင် Voice Message များကို စာသားအဖြစ် ပြသပေးသော စွမ်းဆောင်ချက်ပါရှိလာ ♫

facebook-msgr-transcription


Facebook Messenger တွင် Voice Message များ ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေး ထားပါတယ်။ စာရိုက်ဖို့ မလွယ်ကူတဲ့ အခြေအနေများ၊ လက်မအားတဲ့ အချိန်များမှာ ၊ အလုပ်ရှုပ်နေတဲ့ အခါ များမှာ Voice Message များ ပေးပို့ရင် စာရိုက်တာထက် ပိုမို အဆင်ပြေစေပါတယ်။ ဒါပေမယ့် Voice Message များကို နားထောင်လို့မရတဲ့ အခြေအနေများလည်း ရှိပါတယ်။ အဲဒါတွေကတော့ အသံဆူညံ တဲ့ နေရာတစ်ခုကို ရောက်နေတဲ့ အချိန်နဲ့ ဘေးပတ်ဝန်းကျင်မှ လူများကို မကြားစေချင်တဲ့ Voice Message များ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေမှာ ၀င်လာတဲ့ Voice Message များကို စာသားအဖြစ် ပြသပေးနိုင်ရင် အဆင်ပြေစေ မှာ ဖြစ်ပါတယ်။ Facebook က Voice Transcription လို့ ခေါ်တဲ့ စွမ်းဆောင်ချက်ကို Facebook Messenger မှာ ထည့်သွင်းပေးလိုက်ပါပြီ။ ဒါပေမယ့် အဲဒီ စွမ်းဆောင်ချက်ကို Facebook Messenger အသုံးပြုသူ အနည်းငယ်မှာသာ စမ်းသပ်တဲ့ အနေနဲ့ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်အချိန်မှာ ထည့်သွင်းပေးမလဲဆိုတာတော့ မသိရသေးပါဘူး။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com