1/12/2015

♪ ဈေးနှုန်းချိုသာသည့် Mi Power Bank တမျိုး ပြည်တွင်းဈေးကွက်အတွင်းသို့ဝင်ရောက် ♫


Mi Power Bank တစ်မျိုး နေပြည်တော်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်။ သိုလှောင်မှုပမာဏမှာ 10400mAh ဖြစ်သည်။

အရောင်ပိုင်းအတွက် စုံလင်စွာ ရွေးချယ်နိုင်ပြီး ကိုယ်ထည်ကို Aluminium-Alloy ဖြင့် တည်ဆောက်ပေး ထားသည်။ အရည်အသွေးမြင့် Premium Li-On ဘက်ထရီကို အသုံးပြုထားသည့်အတွက် အားတည်ရှိမှု ကြာရှည်ခံသည်ဟု သိရသည်။

အပူထိန်းချုပ်မှုစနစ်အပြင် အခြားသော အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့်အတွက် input/output အားသွင်းလွန်ကဲမှု၊ ရှော့ခ်ဖြစ်ပွားမှု၊ အားအလွန်အကျွံပြန်သွင်းမိခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပြဿ    နာများ ကိုလည်း ကာကွယ်ပေးနိုင်မည်ဟု သိရသည်။ အားသွင်းမှု/ အားလက်ကျန်အတွက် Battery Level ကို LED မီးသီးလေးလုံးဖြင့် ပြသပေးမည် ဖြစ်သည်။

Input DC5V- Output 5.1V 2.1A ဖြစ်ပြီး အားအပြည့်ပြန်သွင်းမည်ဆိုပါက ၅.၅ နာရီကြာ အားပြန်သွင်းပေးရန် လိုအပ်မည် ဖြစ်သည်။

အရွယ်အစားမှာ 90.5x77x21.6mm ဖြစ်ပြီး 250g အလေးချိန်ရှိမည် ဖြစ်သည်။ MYANMAR XDA Mobile (နေပြည်တော်) ဖုန်း ၀၉၃၂၀၅၁၈၃၉ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com