1/12/2015

♪ 8-Core ပရိုဆက်ဆာပါဝင်လာသည့် Galaxy A7 စမတ်ဖုန်းကို Samsung မိတ်ဆက် ♫


ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က Samsung သည် 1.8GHz နှင့် 1.3GHz quad-core ပရိုဆက်ဆာနှစ်ခုအပြင် 64bit Qualcomm Snapdragon ချစ်ပ်အသုံးပြုထားသည့် Galaxy A7 စမတ်ဖုန်းကို ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ 8-core ပရိုဆက်ဆာသည် စွမ်းဆောင်ရည် အလွန်လျင်မြန်သည့်အပြင် စမတ်ဖုန်းတွင် 16GB, RAM 2GB နှင့် 2,600 mAh ဘက်ထရီတို့လည်း ပါဝင်လာသည်။ Samsung အနေဖြင့် A7 ထုတ်ကုန် ဖြန့်ချိ ရောင်းချမည့်ရက်နှင့် ဈေးနှုန်းကို မထုတ်ပြန်ခဲ့သော်လည်း စာချုပ်မပါဘဲ ကန်ဒေါ်လာ ၄၂၀ ဖြင့် ရောင်းချပေးသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ၎င်း A7 စမတ်ဖုန်း၏ မျက်နှာပြင် မှာ ၅.၅ လက်မရှိပြီး Android KitKat ကို အသုံးပြုထားသည်။ ယခုထုတ်ကုန်၏ မျက်နှာပြင် အရွယ်အစား သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြသခဲ့သည့် A3 နှင့် A7 မျက်နှာပြင် အရွယ်အစား ထက်ပိုမို ကြီးမားသည်။ ထိုထုတ်ကုန်များ ကဲ့သို့ပင် Samsung သည် A7 ဗားရှင်းသစ်တွင် ပါးလွှာသော သတ္တုကိုယ် ထည်ကို အသုံးပြုထားသလို အထူးပြုလုပ်ထားသော သားရေသားဖြင့်လည်းဖန်တီးထုတ် လုပ်ပေးထား သည်။

ထို့အပြင် Samsung သည် ကင်မရာဖုန်းအဖြစ် အသုံးပြုလိုသူများအတွက် Galaxy A7 ဖုန်းတွင် ကျောဘက် ကင်မရာ 13-megapixel နှင့် ရှေ့ကင်မရာ 5-megapixel တို့ကို အသုံးပြုထားသည်။ Samsung က selfie ရိုက်ကူးမှု ဝါသနာပါသူများအတွက် ကင်မရာရှေ့တွင် အသံဖြင့်ထိန်းချုပ်ခြင်း သို့မဟုတ် လက်ကိုဝှေ့ရမ်း ၍ ဖြစ်စေ စေခိုင်း၍ ရိုက်ကူးနိုင်ရန် ထောက်ပံ့ပေးထားသည်။

Ref: TechCrunch

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com