1/06/2015

♪ ကမ္ဘာ့အပေါ့ပါးဆုံး ၁၃လက်မ LaVie Z laptop နှင့် hybrid ထုတ်ကုန်များကို Lenovo မိတ်ဆက် ♫


Lenovo သည် LaVie Z series ထုတ်ကုန်သစ် နှစ်မျိုးကို မိတ်ဆက်ခဲ့ပြီး ၎င်းတို့မှာ ခုံးခွံဖြင့် ဖန်တီးထားသော အလေးချိန် ၁.၇၂ ပေါင် (၀.၇ ကီလိုဂရမ်) ရှိသည့် ၁၃ လက်မ laptop နှင့် အလေးချိန် ၂.၀၄ ပေါင် (၀.၉ကီလိုဂရမ်) ရှိသည့် Yoga စတိုင်လ် ၁၃ လက်မ hybrid ထုတ်ကုန်တို့ဖြစ်သည်။

ကုမ္ပဏီက ယခု ၁၃လက်မ laptop နှင့် hybrid ထုတ်ကုန်များသည် ထွက်ရှိသမျှထုတ်ကုန်အားလုံးတွင် အပေါ့ပါးဆုံး ဖြစ်ကြောင်း ပြောကြားထားသည်။ La =Vie Z HZ550 မော်ဒယ် laptop ဗားရှင်းနှင့် HZ750 hybrid ထုတ်ကုန်ဗားရှင်းများတွင် မဂ္ဂနီဆီယမ်နှင့် လစ်သီယမ် အောက်ခံထည်ကို အသုံးပြု ထားသောကြောင့် အလူမီနီယမ်ထက် ဆယ်ဆပေါ့ပါးကာ အခြားမဂ္ဂနီဆီယမ် သတ္တုစပ်များထက် ပိုမို မာကျောသည်။ အဆိုပါ ထုတ်ကုန်နှစ်ခုစလုံးတွင် 2,560x 1,440 ရုပ်ထွက်အရည်အသွေးနှင့် Intel ၏ Core i series ပဉ္စမမြောက် မျိုးဆက်သစ် Broadwell ဟုအမည်ရသည့် CPU တို့ကို အသုံးပြုသွား မည် ဖြစ်သည်။

Lenovo သည် LaVie Z Laptop ဗားရှင်းကို Core i5 ဖြင့်ထုတ်လုပ်သွားမည် ဖြစ်ပြီး hybrid ဗားရှင်းကိုမူ Core i7 အထိ ထုတ်လုပ်သွားမည် ဖြစ်သည်။ ၎င်းထုတ်ကုန်နှစ်မျိုးစလုံးတွင် စံသတ်မှတ်ချက် တစ်ခု အနေဖြင့် SSD storage 128GB အထိ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

Lenovo အနေဖြင့် အမေရိကန်နိုင်ငံတွင် မေလ၌ HZ550 laptop ကို ဒေါ်လာ ၁,၂၉၉ နှင့် HZ750 hybrid ကို ဒေါ်လာ ၁,၄၉၉ ဖြင့် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင်မူ အဆိုပါ ထုတ်ကုန်နှစ်မျိုးကို ဖေဖော်ဝါရီလတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com