1/06/2015

♪ အမေရိကန်ရှိ ဘဏ်များ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်း ရှိမရှိကို FBI စုံစမ်းစစ်ဆေးနေ ♫


FBI (Federal Bureau of Investigating) သည် အမေရိကန်ရှိ ဘဏ်များသည် ဟက်ကာများအား ကိုယ်ပိုင်ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေး နေလျက်ရှိကြောင်း Bloomberg သတင်းဌာနမှ ဖော်ပြခဲ့သည်။

အမေရိကန် ဘဏ်များသည် ၂၀၁၂ မှ ၂၀၁၃ ခုနှစ် အီရန်၏ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဆာဗာများ အထိနာခဲ့ရသောကြောင့် ဟက်ကာများကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် လက်တုံ့ပြန်ခဲ့ဖွယ် ရှိနေသည်။ အမေရိကန် အစိုးရ ကိုယ်စားလှယ် တက်စ်ဆက်ပြည်နယ် လွှတ်တော်အမတ် မိုက်ကယ်မက်ကော က နိုင်ငံတွင်း ဆိုက်ဘာ တိုက်ခိုက်မှုများသည် လက်ရှိတွင် ထိန်းသိမ်းနိုင်သည့် အခြေအနေ မရှိကြောင်း မှတ်ချက်ပေးခဲ့သည်။ ထိုသို့ မှတ်ချက်များကြောင့် အမေရိကန် ကုမ္ပဏီများသည် အစိုးရခွင့်ပြုချက် မရှိဘဲ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်နေလျက်ရှိကြောင်းသိရသည်။

ဘဏ်လုပ်ငန်း ကုမ္ပဏီ JPMorgan Chase က၎င်းတို့ ဝက်ဘ်ဆိုက်ကို DDoS တိုက်ခိုက်မှု ပြုလုပ်သည့် ဆာဗာများကို ဖြတ်တောက်ရန် ကမ်းလွန်တည်နေရာ၌ ပြုလုပ်ရန်တောင်းဆို ခဲ့ဖူးသည်။  သို့ရာတွင် အာဏာပိုင်များက တရားဥဒေဆိုင်ရာ ကိစ္စရပ်များကြောင့် ၎င်းအကြံအစည်ကို စွန့်လွှတ်ခဲ့သည်။

ထိုသို့ ဟက်ကာများကို ပြန်လည်တိုက်ခိုက်ရန် အစီအစဉ် ပယ်ချခံခဲ့ရသော်လည်း စုံစမ်းစစ်ဆေး သူများ သည် third party အဖွဲ့မှ တိုက်ခိုက်မှုများကို ပြုလုပ်နေကြောင်းကို တွေ့ရှိခဲ့ကြောင်း Bloomberg မှဖော်ပြခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် FBI သည် အမေရိကန် ကုမ္ပဏီများ အီရန်ဟက်ကာများကို ဆိုက်ဘာတိုက်ခိုက် မှု ပြုလုပ်ရန် ဥပဒေ ချိုးဖောက်ခဲ့ခြင်း ရှိမရှိကို စုံစမ်းနေလျက် ရှိသည်။

Ref: BusinesInsider

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com