1/15/2015

♪ အသံနှင့် လမ်းညွှန်ဆိုင်းဘုတ် ဘာသာပြန် စွမ်းရည်များပါရှိလာသော Google Translate ♫

google_translate

Google က Android နဲ့ iOS အတွက် Google Translate App မှာ အသံဖြင့် ပြောဆိုလိုက်သော ဘာသာစကားတစ်ခုကို အခြား ဘာသာစကားတစ်ခုသို့ အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ဆိုပေးနိုင်သည့် စွမ်းဆောင်ချက် အသစ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီအတွက် ဘာသာစကား မတူညီသော လူမျိုးခြားများနှင့် တိုက်ရိုက် စကားပြောဆိုနိုင်တော့မှာ ဖြစ်ပါတယ်။ အသံနဲ့ ပြောဆိုလိုက်တဲ့ ဘာသာစကား ကို Google Translate က အခြား ဘာသာစကားအဖြစ် ဘာသာပြန်ပေးပြီး အသံထွက် ရွတ်ဖတ်ပြပေး မှာ ဖြစ်ပါတယ်။

နောက်ထပ် စွမ်းဆောင်ချက် အသစ်တစ်ခုမှာ Google က ပြီးခဲ့တဲ့နှစ်က ၀ယ်ယူလိုက်တဲ့ Word Lens App ရဲ့ စွမ်းဆောင်ချက်ပါရှိလာတာပါ။ အဲဒါကတော့ လမ်းညွှန်ဆိုင်းဘုတ်၊ သတင်းစာ စတဲ့ ပုံနှိပ်ထားတဲ့ စာသားများကို ဖုန်းရဲ့ ကင်မရာကနေ ချိန်ရွယ်လိုက်တာနဲ့ Google Translate App က ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ကို ဘာသာစကားများစွာ အတွက် အသုံးပြုလို့ မရသေးဘဲ English, French, German, Italian, Portuguese, Russian, Spanish တို့မှာ အပြန်အလှန် အသုံးပြုနိုင်ပါတယ်။

မကြာသေးခင်က Google Translate Web Version မှာ မြန်မာဘာသာကို ထည့်သွင်းပေးလိုက်ပေမယ့် မိုဘိုင်း App မှာတော့ ထည့်သွင်းပေးထားခြင်း မရှိသေးပါဘူး။

Download Google Translate ( Android )
Download Google Translate ( iOS )
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com