1/15/2015

♪ Acer က 3D Camera တပ်ဆင်ထားသော Aspire V 17 Nitro ကို ပြသ ♫

2

Acer က သာမန် Webcam များထက် စွမ်းဆောင်ရည်မြင့်မားသော 3D Webcam ကို Aspire V 17 Nitro တွင် ထည့်သွင်းပေးထားပါသည်။ Aspire V 17 Nitro သည် Intel ၏ RealSense 3D Camera တပ်ဆင်ထားသော ပထမဆုံးသော Device အနည်းငယ်မှ တစ်ခုဖြစ်လာပါသည်။

Nitro ၏ ကင်မရာသည် Microsoft ၏ Kinect ကဲ့သို့ လှုပ်ရှားမှုများကို ခြေရာခံနိုင်ပြီး 3D Scanning ပြု လုပ်ပေးနိုင်ပါသည်။ Amazon ၏ Fire Phone တွင် တပ်ဆင်ထားသော ကင်မရာများ ကဲ့သို့ပင် Nitro ၏ Webcam တွင် သာမာန် ကင်မရာတစ်လုံးနှင့်အတူ အနီအောက်ရောင်ခြည် Sensor ကိုပါ တပ်ဆင်ထား သည့်အတွက် လှုပ်ရှားမှုများကို နက်နဲစွာ တိုင်းတာပေးနိုင်ပါသည်။

Nitro တွင် Warrior Wave App ကို ထည့်သွင်းပေးထားပြီး ကင်မရာ၏ အကူအညီဖြင့် ခန္တာကိုယ် လှုပ်ရှားမှုဖြင့် ဂိမ်းကစားနိုင်ပါသည်။ 3DMe App ဖြင့် အသုံးပြုသူ၏ မျက်နှာကို ပုံဖော်ပေးနိုင်ပြီး လှုပ်ရှားသက်ဝင်သည့် 3D အရုပ်အဖြစ် ပြောင်းလဲပေးနိုင်ပါသည်။ Nitro ကို 3D Printer ဖြင့် ချိတ်ဆက်ပြီး သင်၏ ပုံတူ အရုပ်ကို ထုတ်လုပ်နိုင်ပါသည်။

Acer Aspire V 17 Nitro တွင် ၁၇.၃ လက်မ Full HD (1920×1080) Display တပ်ဆင်ထားပါသည်။ စတုတ္ထမျိုးဆက် Intel Core i7 Processor မောင်းနှင်မည် ဖြစ်သည်။ Nvidia GeForce GTX 860M Graphics, 4GB VRAM ပါရှိပြီး RAM ကို 16GB အထိ အဆင့်မြှင့်နိုင်ပါသည်။ Internal Storage ကို 1TB အထိ အဆင့်မြှင့်နိုင်ပါသည်။ ရောင်းချမည့် ဈေးနှုန်းကို မသိရသေးသော်လည်း ဇန်န၀ါရီလ နှောင်းပိုင်း တွင် ရောင်းချမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com