11/02/2016

♪ " ZTE Nubia Z11 Max VS ZTE Nubia Z11 Mini S " ♫


ZTE Nubia Z11 Max နဲ့ ZTE Nubia Z11 Mini S အဆင့်မြင့်စမတ်ဖုန်း ၂ လုံးကို ယှဉ်ကြည့်မယ်ဆိုရင် တစ်ခုနဲ့တစ်ခု သိပ်အကွာအခြားကြီးတော့ မဟုတ်ပါဘူး။ တစ်ခုက တစ်နေရာမှာအားသာပြီး တစ်ခုက နောက်တစ်နေရာမှာ အားသာနေတာကို တွေ့ရပါတယ်။ ZTE Nubia Z11 Max ဟာ အဆင့်မြင့် Phablet ဖုန်းအမျိုးအစားဖြစ်ပြီး ကြီးမားကောင်းမွန်တဲ့မျက်နှာပြင်၊ အရည်အသွေးပြည့်ဝတဲ့ ဘက်ထရီစွမ်းအားတို့ကို ထည့်သွင်းပေးထားပါတယ်။

ZTE Nubia Z11 Mini S မှာတော့ Z11 Max လောက် မျက်နှာပြင်မကျယ်ပေမယ့် ကင်မရာမှာ ထောက်ပံ့ပေးထားတဲ့ resolution က အထူးမြင့်မားမှုရှိပြီး အနောက်ကင်မရာက 23MP ကို ပေးစွမ်းကာ အရှေ့ကင်မရာက 13MP တောင်ရှိပါတယ်။ Z11 Max ရဲ့ အနောက်ကင်မရာက 16MP ရှိပြီး အရှေ့ကင်မရာကတော့ 8MP ရှိပါတယ်။ အလေးချိန်အရဆိုရင် Z11 Max က Z11 Mini S ထက် 27 g လောက် ပိုမိုလေးပြီး ပါးလွှာမှုကတော့ တစ်ခုနဲ့တစ်ခု သိပ်မကွာခြားလှပါဘူး။

* Design *
1. ZTE Nubia Z11 Max
ZTE Nubia Z11 Max က 159.2 x 82.3 x 7.4 mm အရွယ်အစားရှိတာကြောင့် ကြီးမားတဲ့ ဖုန်းအမျိုးအစားထဲမှာပါဝင်ပြီး ဒီဇိုင်းပုံစံလေးက ခေတ်မီဆန်းသစ်မှုရှိပါတယ်။ ကင်မရာက နောက်ကျောဘက် အလယ်တည့်တည့်မှာ အဝိုင်းပုံစံလေးနဲ့ တည်ရှိနေပါတယ်။
2. ZTE Nubia Z11 Mini S
ZTE Nubia Z11 Mini S ရဲ့ ဒီဇိုင်းပုံကလည်း Z11 Max နဲ့ အနည်းငယ်တူညီပြီး အရွယ်အစား ပိုသေးပါတယ်။ ကင်မရာက အနောက်ဘက် ညာဘက်ထောင့်မှာ တည်ရှိတာကို တွေ့ရပြီး Z11 Max နဲ့ ကွာခြားတဲ့အချက်က ဒီ ၂ ခုပဲ ရှိပါတယ်။
* Processor *
1. ZTE Nubia Z11 Max
၎င်းမှာ Qualcomm MSM8976 Snapdragon 652 ဆိုတဲ့ chipset နဲ့ Octa-core (4x1.8GHz Cortex-A72 & 4x1.4GHz Cortex-A53) processor တို့ကို ထည့်သွင်းပေးထားပြီး Adreno 510 Graphic Card ကို ထောက်ပံ့ပေးထားပါတယ်။
2. ZTE Nubia Z11 Mini S
Z11 Mini S မှာတော့ Qualcomm MSM8953 Snapdragon 625 chipset နဲ့ Octa-core 2.0GHz Cortex-A53 တို့ရဲ့ ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းတွေကို ရရှိမှာဖြစ်ပြီး Adreno 506 Graphics Card ရဲ့ အထောက်အပံ့တွေကို လည်း သုံးစွဲနိုင်မှာပါ။
* Display *
1. ZTE Nubia Z11 Max
မျက်နှာပြင်က အကျယ် ၆ လက်မရှိပြီး Super AMOLED capacitive touchscreen နဲ့ ပြုလုပ်ထားပါတယ်။ 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Corning Gorilla Glass 3 ဖုံးအုပ်ပေးထားပါတယ်။
2. ZTE Nubia Z11 Mini S
၎င်းရဲ့ မျက်နှာပြင်အကျယ်က 5.20-inch ရှိပြီး ပေးစွမ်းနိုင်တဲ့ မြင်ကွင်းစွမ်းအား ပမာဏချင်းကတော့ အတူတူပါပဲ။ ၁ လက်မချင်း သိပ်သည်းဆကတော့ အနည်းငယ် ပိုများပါတယ်။ ဖုန်း ၂ ခုလုံးရဲ့ မျက်နှာပြင်ပေါ် တူညီတဲ့ multitouch စနစ် ပါရှိပါတယ်။
* Verdict *
1. ZTE Nubia Z11 Max
Z11 Max ကို Non-removable 4000 mAh battery ထည့်သွင်းပေးထားတာကြောင့် ဘက်ထရီစွမ်းအားက အလွန်မြင့်မားတဲ့ဖုန်းပဲ ဖြစ်ပါတယ်။။ RAM 4GB ပါရှိပြီး Internal Memory 64GB ထောက်ပံ့ပေးထားပါသေးတယ်။ ရရှိနိုင်တဲ့အရောင်တွေကတော့ ငွေရောင်၊ ရွှေရောင်နဲ့ မီးခိုးရောင်တို့ပဲ ဖြစ်ပါတယ်။
2. ZTE Nubia Z11 Mini S
Z11 Mini S ရဲ့ ဘက်ထရီစွမ်းအားက Z11 Max ထက် 1000mAh တိတိ လျော့နည်းပြီး သုံးထားတဲ့ အမျိုးအစားကတော့ အတူတူပါပဲ။ ဒါ့အပြင် ထည့်သွင်းပေးထားတဲ့ RAM ကလည်း တူညီပေမယ့် Internal Memory 64GB အပြင် 128GB version တစ်မျိုးကို ပိုထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com