11/03/2016

♪ “Wai Yan Electronics တွင် iPhone 7 နှင့် 7 Plus များကို 1 Year Official Warranty ဖြင့် ရောင်းချပေးမည်” ♫

http://cdn.pocket-lint.com/r/s/970x/assets/images/phpsxfg0a.jpg

ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်သော Apple အမှတ်တံဆိပ် iPhone ကို မြန်မာပြည်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဝင်ဖြန့်ဖြူး ရောင်းချခွင့် Authorised Distributor အဖြစ် TMW Enterprise Limited မှ စက်တင်ဘာလတွင်ရရှိခဲ့ပြီး Apple မှ နောက်ဆုံးထွက်ရှိထားသော iPhone 7 နှင့် 7 Plus များကို One Year Official Warranty ဖြင့် ၂ဝ၁၆ နိုဝင်ဘာလ ၄ ရက်နေ့မှစတင်ပြီး TMW Enterprise Limited မှစတင် ဖြန့်ချိသွားမည်ဖြစ် ကြောင်း သိရသည်။

 နိုဝင်ဘာလ ၄ ရက်နေ့ သည် Apple Company မှ iPhone7 နှင့် 7Plus ကိုမြန်မာပြည်အတွက်တရားဝင် Launch Date သတ်မှတ် ထားခြင်းဖြစ်သည်။ iPhone ၏ နောက်ဆုံးပေါ်နည်းပညာများဖြစ်သော ပိုမိုကောင်းမွန်ပြီး ကြည်လင်ပြတ်သားသည့် Camera စနစ်၊ သက်တမ်းကြာ ရှည်စွာ အသုံးပြုနိုင်သောအကောင်းဆုံး Battery နှင့်အတူရေစိုဒဏ်နှင့် ဖုန်ဒဏ်ကိုခံနိုင်ရန်စွမ်းဆောင်ရည်မြင့် ထားသော IP67 အဆင့်ကို သုံးထား သည်ဟုလည်း သိရသည်။ Memory အားဖြင့် 32GB, 128GB, 256GB ဟူ၍ မိမိကြိုက်နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

iPhone7 နှင့် 7 Plus တို့ကို အောက်တိုဘာလ ၂၈ ရက် နေ့မှစ၍ Pre-Order စတင်မှာယူနိုင်မည် ဖြစ်သည်။ ထို့အပြင် မြန်မာပြည်၏ 4G Network ကို iPhone 7 နှင့် 7Plus များတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Pre-Order မှာယူလိုသော Customer များအနေဖြင့် ၂၈ ရက် အောက်တိုဘာမှ စတင်မှာယူနိုင်မည်ဖြစ်ကာ Apple Authorised Reseller ဆိုင်ကြီးများဖြစ်သည့် Wai Yan Electronics, m-Drive, Future World, Ooredoo, TelenorStore များနှင့် TMW Enterprise Limited ၏ အမြို့မြို့အနယ်နယ်တွင်ရှိသော Mobile Dealer ဆိုင်ကြီးများတွင် နိုဝင်ဘာလ ၄ ရက်နေ့မနက် ၁ဝ နာရီတွင် စတင်စမ်းသပ်ထိတွေ့ဝယ်ယူနိုင် မည်ဖြစ် သည်။

ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com