11/04/2016

♪ “VR ရိုက်ကူးနိုင်တဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း” ♫


တရုတ်နိုင်ငံရှန်ဇန်အခြေစိုက် နည်းပညာကုမ္ပဏီProtruly က Panorama Video ရိုက်ကူးနိုင်တဲ့ စမတ် ဖုန်းကိုမိတ်ဆက်လိုက်ပါတယ်။ ကုမ္ပဏီက Virtual Reality (VR ) Video ရိုက်ကူးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းလို့ ပြောပါ တယ်။ Darling လို့ စမတ်ဖုန်းကိုအမည်ပေးထားပြီး ၃၆၀ ဒီဂရီ Panorama ဗီဒီယိုနဲ့ ဓါတ်ပုံ များကိုရိုက်ကူးနိုင်ပါတယ်။ 

ဓါတ်ပုံနဲ့ ဗီဒီယိုများကို နှစ်သက်ရာ ရှုထောင့်ကနေ ကြည့်ရှုနိုင်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဓါတ်ပုံများ ကြည့်ရှုရင် ထူးခြားတဲ့ အတွေ့အကြုံကိုခံစားရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက် အရ ၃၆၀ ဒီဂရီကိုခံစားချင်တဲ့ လူများအတွက် ရည်ရွယ်ထုတ်လုပ်တာဖြစ်တယ် လို့ သိရပါတယ်။ Darling ကို တရုတ်ယွမ် ၈၈၀၀ ( ဒေါ်လာ ၁၂၉၉) သတ်မှတ် ထားပြီး နိုဝင်ဘာလအကုန်မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ Deluxe Version ကိုရွှေနဲ့ စိန်များဖြင့် အလှဆင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Darling မှာ ၅.၅ လက်မ အရွယ်အစားရှိတဲ့ AMOLED Display တပ်ဆင်ထား ပါတယ်။ Cores ၁၀ ခုပါရှိတဲ့ Helio X20 CPU မောင်းနှင် မှာ ဖြစ်ပါတယ်။ CPU ရဲ့ အမြန်နှုန်းမှာ 2.5GHz ဖြစ်ပါတယ်။ Protrulyရဲ့ Darling Virtual Reality စမတ်ဖုန်း ဟာထိတွေ့ဖို့ မလိုဘဲလူရဲ့ ကိုယ်ခန္ဓာ အပူချိန်ကိုတိုင်းတာ တွက်ချက် ပေးနိုင်ပါတယ်။ စမတ်ဖုန်းရဲ့ Settings ဒေတာများကိုစမတ်ဖုန်း အတွင်းမှာသာမက Cloud မှာပါ သိမ်းဆည်းပေးနိုင်ပါတယ်။


IDC ရဲ့ သုတေသနပညာရှင် Neo Zheng က အဲဒီစမတ်ဖုန်းဟာလက်ရှိမှာတော့ လူကြိုက်များမှာမဟုတ်ဘဲ Augmented Reality စွမ်းရည်ပါပြီးကင်မရာ ၂ လုံး တပ်ဆင်ထားတဲ့ စမတ်ဖုန်းများကသာဈေးကွက်မှာ အရင် နေရာယူမယ်လို့ ခန့်မှန်းပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com