11/04/2016

♪ “Gionee F1O3 Pro” ♫


တရုတ်နိုင်ငံထုတ်စမတ်ဖုန်းများစွာဟာ ပြည်တွင်းဈေးကွက်ထဲတွင် ရောက်ရှိ နေကြပြီး ဈေးကွက်ဝေစုကို အများအပြား ရရှိအောင် ဆောင်ရွက်နေကြပါ တယ်။ သုံးစွဲသူများ၏လိုအပ်ချက်အပေါ်မူတည်၍ စမတ်ဖုန်းအသစ်များကို မကြာခဏ အပြိုင် အဆိုင် ထုတ်လုပ်ရောင်းချကြပါတယ်။ ဘက်ထရီပမာဏ များပြားစွာလိုအပ်သည့်သူများအတွက် ဘက်ထရီစွမ်းအားကောင်းမွန်သည့် ဖုန်းများကို ထုတ်လုပ်ထားကြပြီး မျက်နှာပြင်ကျယ်ဝန်းသည့် ဖုန်းများကို နှစ်သက်သူများအတွက် Screen Size ကြီး သည့် ဟန်းဆက်များကို ထုတ်လုပ် ရောင်းချကြပါတယ်။

ဖုန်းသုံးစွဲသူများ ကြိုက်နှစ်သက်သည့် လုပ်ဆောင်ချက် တစ်ခု ကတော့ ဓာတ်ပုံရိုက်ကူးခြင်းပါ။ ဟန်းဆက်ဖြင့် အမှတ်တရပုံများစွာကို ရိုက်ယူတတ်ကြပါတယ်။ ဓာတ်ပုံရိုက်ကူးသည့်အခါတွင် အဓိက, ကင်မရာကို သာမက ရှေ့ကင်မရာငယ်ကိုလည်း ကြိမ်ဖန်များစွာအသုံးပြုကြပါတယ်။ ထို့ကြောင့် စမတ်ဖုန်းထုတ်လုပ် သူများဟာ ရှေ့ကင်မရာငယ် စွမ်းရည် ကောင်းမွန်သည့်ဖုန်းများကို ထုတ်လုပ်လာကြပါတယ်။ Selfie ရိုက်ကူးမှုကို ကြိုက်နှစ်သက်သူများ အနေဖြင့် တရုတ်နိုင်ငံ မှထုတ်လုပ်သော ရှေ့ကင်မရာ ငယ် ကောင်းမွန်သည့် ဟန်းဆက်များကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူလာနိုင် ကြပါတယ်။ ဖုန်းထုတ်လုပ်သူများ သည်လည်း ဖုန်းကိုမိတ်ဆက်ကြေညာသည့် အခါတွင် Selfie အကြောင်းအရာကို အသားပေးကြေညာ ကြပါတယ်။

Gionee မှလည်း F1O3 Pro စမတ်ဖုန်းကို Selfie Master လို့ ကြေညာထားပါ တယ်။ ဖုန်းဟာ ထောင့် စွန်းများတွင် အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ ဖုန်း၏ အနောက်ဘက်တွင် Gionee အမှတ်တံဆိပ်ကို ထည့်သွင်းပေးထားပြီး ထိပ်ဖက် ထောင့်၌ အဓိက ကင်မရာကို အ၀ိုင်းပုံစံတပ်ဆင်ထားပါတယ်။ ဘေးဘက်တွင် Flash စနစ်ကို ထည့်သွင်းပေးထားပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုး အစားကတော့ 2G, 3G, 4G ပါ။ ဖုန်းရဲ့အလေးချိန်ဟာ 142g ရှိပါတယ်။ Sim Card 2 Card ထည့်သွင်းအသုံးပြုရမယ့် ဖုန်းအမျိုးအစားပါ။ ထည့်သွင်းသုံးစွဲရ မယ့် ဆင်းကတ်အရွယ်အစားကတော့ Micro SIM ဖြစ်ပါတယ်။ Dual SIM အမျိုးအစားဟန်းဆက်ဖြစ်ခြင်းကြောင့် SIM Card များစွာ ကိုင်ဆောင် အသုံးပြုနေသူများအဆင်ပြေစေ ပါလိမ့်မယ်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်း ဟာ 5 inches ရှိပါတယ်။ ကြည်လင်တောက်ပ သော ပုံရိပ်များပေးစွမ်းနိုင်စေရန် ဖုန်း၏မျက်နှာပြင်တွင် 720x1280 pixels ပမာဏနှင့် ထောက်ပံ့ပေးထားပါတယ်။


တစ်လက်မမှာ ရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 294ppi ပါ။ Multi Touch စနစ်တွင် Amigo UI 3.2 ကို သုံးစွဲနိုင်ပါမယ်။ အကြမ်းခံသော ဖုန်းမျက်နှာပြင်ဖြစ်စေဖို့အတွက်လည်း Asahi Dragontrail Glass ကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင် ပေးထားပြီး Auto Focus, LED Flash စနစ်တို့နှင့် တွဲဖက် အသုံးပြုရ မယ့် အဓိက ကင်မရာမှာ 13MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာကတော့ 5MP စွမ်းရည်ပါ။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30frames နှုန်းရရှိပါမယ်။ Geo-tagging, Touch Focus, Face detection, HDR, Panorama စသော ကင်မရာဆက်စပ်ပတ်သက် စနစ်များလည်း ပါရှိပါတယ်။ Bluetooth Version မှာ 4.0 ဖြစ်ပြီး Accelerometer, proximity, compass စသော Sensor စနစ်များ လည်း ထည့်သွင်းပေးထားပါတယ်။

မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းနှင့် ပတ်သက်၍တော့ အနည်းငယ်အားနည်းချက်ရှိပါတယ်။ Card Slot စနစ် အသုံးမပြုနိုင်ခြင်းကြောင့် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ အသုံးပြုနိုင်မယ့် OS ကတော့ Android ဖြစ်ပြီး၊ Version မှာ Marshmallow ဖြစ်ပါတယ်။ CPU ရဲ့စွမ်းရည်မှာ Quad Core 1.3GHz ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်မြန် သော တုံ့ပြန်မှု များကိုပေးစွမ်းနိုင်ပါတယ်။ 


အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားမှာ Li-Po 2400mAh ဖြစ်ပြီး၊ 3G Network တွင် အသင့်အနေအထားအတွက် ၃၈၇ နာရီနီးပါးခံနိုင်ရည်စွမ်းရှိပါမယ်။ စကားပြောဆိုဖို့အတွက်ကတော့ ၁၃ နာရီကျော် ခံနိုင်စွမ်းရှိပါမယ်။ ဖုန်းကိုလှပသော အရောင်ကွဲများလည်း ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့တန်ဖိုးဟာ 179,000/- ကျပ် ၀န်းကျင်ရှိ သောကြောင့် တန်ဖိုးသင့်တင့်သော ဟန်းဆက်ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com