12/01/2016

♪ ရှေ့ selfie Camera 13MP တပ်ဆင်ထားသော Oppo A57 စမတ်ဖုန်းကိုတရုတ်တွင်စတင်မိတ်ဆက် ♫


တကယ်လို့ 8MP အရှေ့ကင်မရာဟာ “selfie” အတွက် မလုံလောက်ဘူးလို့ထင်နေတယ်ဆိုရင်တော့ OPPO A57 ကို သင့်အာရုံတွေ ပြောင်းကြည့်လိုက်ပါ။ တရုတ်နိုင်ငံမှာ အခုပဲ ကြေညာလိုက်တာဖြစ်ပြီး သူ့မှာ 13MP အရှေ့ကင်မရာပါဝင်မှာဖြစ်လို့ သင့်ရဲ့ selfies ပုံရိပ်တွေဟာ အာရုံစိုက်မှုကို ပိုမိုရရှိစေမှာပါ။

အဲဒီစမတ်ဖုန်းမှာ အနောက်ကင်မရာမှာတော့ 16MP ရှိပြီး f/2.2 aperture နဲ့ PDAF laser focus hardware ပါဝင်မှာဖြစ်ပါတယ်။ OPPO A57 အတွက် ကြေညာထားတဲ့ အခြားအချက်အလက်တွေကတော့ သိပ်ပြီးစိတ်ဝင်စားစရာမကောင်းပါဘူး။ သူ့မှာ ၅.၂လက်မ LCD display ပါဝင်ပြီး ရုပ်ထွက်ကတော့ 720×1280 ဖြစ်ပါတယ်။

အတွင်းပိုင်းမှာတော့ 1.4GHz နဲ့ အလုပ်လုပ်နေတဲ့ Qualcomm Snapdragon 435 octa-core processor ကို မြင်ရမှာဖြစ်ပြီး 3GB RAM နဲ့ 32GB storage ပါဝင်ပါတယ်။ microSD card slot ထည့်ချင်တဲ့သူတွေကတော့ 128GB အထိ သုံးနိုင်မှာဖြစ်ပါတယ်။ 2900mAh ဘတ်ထရီကို အသုံးပြုထားပြီး Android 6.0 Marshmallow ကို install လုပ်ထားပါတယ်။

OPPO A57 ကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တရားဝင်ရောင်းချမှာဖြစ်ပြီး ¥1,599 သို့မဟုတ် $231 နဲ့ ရရှိမှာဖြစ်ပြီး အရောင်ကတော့ Gold နဲ့ Rose Gold ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်မှာပါ။ တရုတ်အပြင်အခြားမှာရော ရနိုင်မလားဆိုတာကတော့ မသေချာသေးပါဘူး။ သူ့ရဲ့ အခြား hardware တွေ နိမ့်နေတာတောင်မှ selfie ကင်မရာကြောင့် သင်စိတ်ဝင်စားနေသေးလား။


Aung Phyo Oo (Myanmar Mobile App)





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com