11/06/2016

♪ iPhone 7 နှင့် iPhone 7 Plus ကို အူရီးဒူးမြန်မာအမှတ်တံဆိပ် အရောင်းဆိုင်များတွင် အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင် ♫

090716-apple-iphone-7-plus-iphone-7-6984

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော 4G ကွန်ရက် ၀န်ဆောင်မှုကို ပေးအပ်ခဲ့သော အူရီဒူးမြန်မာမှ အူရီးဒူးမြန်မာအမှတ်တံဆိပ်အရောင်းဆိုင်များတွင် iPhone 7 (သို့) iPhone 7 Plus ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်မှစတင်ပြီး အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်ပါသည်။

အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုကို နှစ်သက်သူများအနေဖြင့် အသက်၁၈နှစ်နှင့်အထက်ဖြစ်ပါက iPhone 7 (သို့) iPhone 7 Plus ကို အရစ်ကျပေးချေပြီး ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။ အဆိုပါ ဟန်းဆက်များကို ၀ယ်ယူရန်အတွက် လျှောက်လွှာကို ဖြည့်စွက်ရမည်ဖြစ်ပြီး မိမိ၏ အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင်မိတ္တူ၊ တစ်လအတွင်းထုတ်ယူထားသော ရပ်ကွက်ထောက်ခံစာမူရင်း၊ အိမ်ထောင်စုစာရင်းမိတ္တူ (သိုမဟုတ်) အိမ်ငှားစာချုပ်မိတ္တူ (သို့မဟုတ်) အိမ်ပိုင်ဆိုင်မှုမိတ္တူ၊ မိမိအား တာဝန်ယူပေးမည့်သူ၏ ထောက်ခံစာနှင့် ၎င်း၏နိုင်ငံသား စိစစ်ရေးကဒ်ပြားမိတ္တူ နှင့် မိမိလက်ရှိအလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီမှရယူထားသော ဝင်ငွေထောက်ခံစာတို့ကို မိမိနှင့်အတူ ယူဆောင်လာပြီး လျှောက်လွှာနှင့်အတူ ပူးတွဲလျှောက်ထားရမည် ဖြစ်ပါသည်။

အဆိုပါ iPhone 7 နှင့် iPhone 7 Plus ဟန်းဆက်များကို အရစ်ကျဝယ်ယူနိုင်သော အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များမှာ (၁) အူရီးဒူးအမှတ်တံဆိပ်အရောင်းဆိုင် လမ်းမတော် – အမှတ် ၇၉၃၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။ (၂) အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင် ကျောက်တံတား – အမှတ် ၁၂၅၊ အနော်ရထားလမ်း၊ ပန်းဆိုးတန်းလမ်း နှင့် ၃၆လမ်းကြား၊ နိုင်ဂရုတာဝါ၊ အခန်း ၇ (၃) အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင် ဗဟန်း – အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာ၊ ဒုတိယထပ်။ (၄) အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင် မဟာအောင်မြေ – အမှတ် ၁၃၉၊ မြေညီထပ်၊ ၇၃လမ်းနှင့် ၃၇လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး၊ နှင့် (၅) အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင် ဒက္ခိဏသီရိ – Capital အဆောက်အဦ၊ အခန်း ၁၀၃၊ အမှတ် ၂၊ ရာဇ သင်္ဂဟလမ်း၊ ဒက္ခိဏသီရိ မြို့နယ်၊ ဟိုတယ်ဇုန် ၁၊ နေပြည်တော် တို့ဖြစ်ပါသည်။

အဆိုပါ ဟန်းဆက်များကို ၀ယ်ယူအားပေးသူလိုသူများအနေဖြင့် ၆လ (သို့) ၉လ (သို့) ၁၂လ ဖြင့် အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ပါသည်။ ယခုလောလောဆယ်တွင် ရန်ကုန်မြို့ရှိ အထက်ဖော်ပြပါ အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များတွင်သာ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။

အဆိုပါ iPhone 7 နှင့် iPhone 7 Plus တို့ကို သတ်မှတ်ထားသော အူရီဒူးမြန်မာ၏ အမှတ်တံဆိပ်အရောင်းဆိုင်များမှ ၀ယ်ယူထားသူများကို အူရီဒူးမြန်မာမှ တစ်လလျှင်တစ်ကြိမ်ြဖင့် ၁၂လစာရရှိခံစားခွင့်ရမည့် အထူးငွေဖြည့်လက်ဆောင်ကို ပေးအပ်မည်ဖြစ်ပါသည်။ ၀ယ်ယူအားပေးသူများအတွက်လည်း အူရီဒူးမြန်မာ၏ ဆင်းကဒ်ကို လက်ဆောင်ထည့်ပေးထားမည်ဖြစ်ပြီး ဆင်းကတ်ကို စတင်အသုံးပြုပြီး လစဉ် တစ်လလျှင် ကျပ် ၁၅,၀၀၀ ဖုန်းငွေဖြည့်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်လလျှင် ငွေဖြည့်လက်ဆောင် ကျပ်၂၅,၀၀၀ ကို ရက်၃၀စာ အသုံးပြုခွင့်ကို ၁၂လတိုင်အောင် ရရှိမည်ဖြစ်ပါသည်။

အဆိုပါငွေဖြည့်လက်ဆောင်ဖြင့် အခြားသော အူရီဒူးမိုဘိုင်းဖုန်းများကို ခေါ်ဆိုနိုင်ခြင်း၊ စာတိုပေးပို့နိုင်ခြင်းနှင့် အင်တာနက်ကိုလည်း သုံးသလောက်ကျသင့်သောစနစ်ဖြင့် အသုံးပြုခွင့်ရမည်ဖြစ် ပါသည်။


Credit to ==> Myanmar Digital Life Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com