11/09/2016

♪ Mi Note 2 ကို ပြည်တွင်းက Mi Home တွေမှာ ကြိုတင်မှာယူနိုင်ပြီ ♫


Xiaomi ရဲ့ နောက်ဆုံးထွက် Mi Note Series အသစ် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mi Note 2 ကို မြန်မာပြည်တွင်းမှာလည်း ကြိုတင်မှာယူနိုင်ပြီဖြစ်တယ်လို့ Mi Myanmar Facebook Page က သိရပါတယ်။

Curved display ၊ နောက်ကင်မရာ 22.56MB နဲ့ထွက်ရှိလာတဲ့ Mi Note 2 က Online Flash sale အနေနဲ့ တရုတ်ပြည်တွင်းမှာ ပထမဦးဆုံး စတင်ရောင်းချခဲ့ပြီး အချိန်တစ်မိနစ်အတွင်းမှာတင် ပထမအသုတ်အလုံးရေ အကုန်လုံး ရောင်းချခဲ့ရတာဖြစ်ပါတယ်။

Mi Myanmar ရဲ့ ကြေညာချက်အရ နိုဝင်ဘာ(၇) ရက်နေ့ကနေ (၂၀) ရက်နေ့အတွင်းမှာ ပြည်တွင်းရှိ Mi Home များအားလုံးမှာ စရံငွေ (၅၀၀၀၀) ကျပ်ပေးသွင်းရုံနဲ့ အွန်လိုင်း ဈေးနှုန်းအတိုင်း Pre-order လက်ခံပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Pre-order မှာယူထားတဲ့ ပရိတ်သတ်တွေအနေနဲ့ နိုင်ဝင်ဘာ (၃၀) ရက်နေ့မှာ ပစ္စည်းရရှိမှာဖြစ်ပြီး သတ်မှတ်ရက်ထက်ကျော်လွန်ခဲ့ပါက စရံငွေရဲ့ (၂)ဆ ကိုပြန်လည်ပေးအပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဈေးနှုန်း

Mi Note 2 (Ram 4GB, 64GB) – 530,000Ks
Mi Note 2 (Ram 6GB, 128GB) – 620,000Ks


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com