11/09/2016

♪ iOS 10 မှာ Flashlight ရဲ့ intensity ကို ဘယ်လိုချိန်ညှိမလဲ ♫


Apple ရဲ့ iOS 10 ဟာ iOS 9 အထိ မပါဝင်ခဲ့တဲ့ feature အမြောက်အများနဲ့ထွက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ထဲက တစ်ခုကတော့ Flashlight ရဲ့ intensity ကိုချိန်ညှိတာဖြစ်ပါတယ်။ iOS 10 ထွက်တာ တစ်လကျော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ဒီ Feature ပါလို့ပါမှန်းတောင်မသိသေးတဲ့ User တွေရှိနေပါတယ်။ မသိသေးတဲ့ User တွေအတွက်ရော ၊ ပါမှန်းသိပေမယ့် မလုပ်တတ်သေးတဲ့ User တွေအတွက်ပါ အသုံးဝင်စေဖို့ Flashlight ရဲ့ intensity ချိန်ညှိပုံအဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်။

တစ်ခုသိထားရမှာက ဒီ Feature ဟာ 3D Touch shortcut ပေါ်မှာသာ အလုပ်လုပ်တာဖြစ်တဲ့အတွက် iPhone 6s နဲ့ အထက်မှာပဲရရှိနိုင်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

ပထမဦးဆုံး control center ကိုခေါ်ဖို့ device ရဲ့ အောက်ခြေကနေ အပေါ်ကို swipe လုပ်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း Control center ရဲ့ အောက်ဆုံး အတန်းမှာ flashlight, timer, calculator နဲ့ camera ဆိုတဲ့ button လေးခုရှိနေပါတယ်။

ximg_57d97ed6abd3d-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-xiiic9r1lg

Flashlight button ကို သာမန်အတိုင်းနှိပ်ရင်တော့ Flash ပွင့်ရုံသာလုပ်ဆောင်မှာဖြစ်ပေမယ့် 3D Touch နဲ့ ဖိနှိပ်ထားလိုက်မယ်ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း intensity ကိုချိန်ညှိနိုင်တဲ့ low, medium, bright ဆိုတဲ့ function တွေပေါ်လာမှာဖြစ်ပါတယ်။

ximg_57d97eeacfbe7-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-dsndebenhi

Intensity ကိုတစ်ခါချိန်ညှိပြီးတာနဲ့ နောက်ပိုင်း Flashlight ဖွင့်တိုင်းမှာ ပထမချိန်ညှိထားတဲ့အတိုင်း ပွင့်ပေးမှာဖြစ်ပါတယ်။ အခြေအနေနဲ့ အချိန်အခါ အလိုက် အချိန်မရွေး စိတ်တိုင်းကျ ပြန်လည် ချိန်ယူ နိုင်ပါတယ်။

Timer button နဲ့ camera button တွေကိုလည်း 3D touch နဲ့ဖိနှိပ်ထားပြီး Function တွေ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com