11/06/2016

♪ အရွယ်ကြီးမားသည့် ဘက်ထရီနှင့် ပိုကောင်းသည့် ကင်မရာပါဝင်သော Meizu Pro 6s ♫


တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ပွဲတစ်ခု၌ Meizu က Meizu Pro 6s ကို မိတ်ဆက်ကြေညာခဲ့သည်။ Meizu Pro 6s သည် ယခင် Meizu Pro 6 နှင့် ဆင်တူသော်လည်း အဆင့်မြှင့်ထားသည့် ကင်မရာနှင့် အရွယ်ကြီးမားသည့် ဘက်ထရီတို့ ပါဝင်လာသည်။

အလူမီနီယံသတ္တုစပ်ဒီဇိုင်းဖြင့် ဖန်တီးထားသည့် Pro 6s ကို ၅.၂ လက်မ 1080p screen, deca-core Helio X25 processor, Mali-T880MP4 GPU နှင့် 4GB RAM ဖြင့် အသုံးပြုနိုင်သည်။

အရှေ့ဘက်ကင်မရာက Pro 6 ကဲ့သို့ပင် 5MP ဖြစ်သော်လည်း ကျောဘက်ကင်မရာကို အဆင့်မြှင့်တင်ထားသဖြင့် 12MP IMX386 sensor နှင့် f/2.0 aperture ဖြင့် ရိုက်ကူးနိုင်သည်။
သိုလှောင်မှုပမာဏ 64GB ဖြစ်ပြီး microSD card slot ပါဝင်ခြင်းမရှိပေ။ ဘက်ထရီက 3060mAh ဖြစ်သည်။
Meizu Pro 6s တွင် Android Marshmallow နှင့် Meizu ၏ Flyme OS ကို အသုံးပြုထားသည်။ တန်ဖိုးက ၂,၆၉၉ ယွမ် (၃၉၉ ဒေါ်လာ) ဖြစ်သည်။


Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com