11/06/2016

♪ Lenovo ရဲ့ စမတ်ဖုန်းရောင်းအားထိုးတက်ခဲ့တယ်လို့ Lenovo ကုမ္ပဏီထုတ်ပြန် ♫


Lenovo ကတော့ သူ့ရဲ့ စမတ်ဖုန်းရောင်းအားဟာ ကုမ္ပဏီကနေ သတ်မှတ်ထားတဲ့ တတိယအကြိမ်ကွာတားပတ်မှာ ထိုးတက်လာခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ သူတို့သတ်မှတ်ထားတဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ကွာတားပတ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး အရင်ကွာတားပတ်နဲ့ ယှဉ်ထိုးလိုက်ရာမှာတော့ ၂၅ ရာခိုင်နှုန်းအထိ ရောင်းအားထိုးတက်ခဲ့တာဖြစ်ပါတယ်။

ကွာတားပတ်စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ ၁၁.၂ ဘီလျံအထိရှိလာခဲ့ပြီး အရင်နှစ်ကနဲ့စာရင်တော့ ၈ ရာနှုန်းလောက် ဝင်ငွေကျဆင်းခဲ့ပါတယ်။ အပြိုင်အဆိုင်ပေါများတဲ့ စမတ်ဖုန်းလောကမှာတော့ ဝင်ငွေကောင်းဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ ဒီကွာတားပတ်မှာတော့ ဒေါ်လာ ၂ ဘီလျံအထိ ဝင်ငွေရရှိခဲ့ပြီး အရှုံးငွေကတော့ ဒေါ်လာ ၁၅၆ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ကွာတားပတ်ထက် ၄.၄ ရာနှုန်းလောက် ဝင်ငွေ တိုးတက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Lenovo ဟာဆိုရင်တော့ အာရှနဲ့ အိန္ဒိယဈေးကွက်ကို ၁၅ ရာနှုန်းအထိ တိုးမြှင့်တင်ပို့ခဲ့ရသလို Lenovo ရဲ့ နောက်ထပ် brand အခွဲတစ်ခုဖြစ်တဲ့ Motorola ဖုန်းရောင်းအားကလည်း ၄၀ ရာနှုန်းအထိ တိုးတက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ Moto Z လိုဖုန်းမျိုးဆက်တွေအပြင် Motorola ဖုန်းတွေအတွက် Moto Mods (ဆက်စပ်ပစ္စည်းတွေ) ထုတ်လုပ်လိုက်တာကလည်း ရောင်းအားကောင်းလာခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်လို့နေတာပါ။

Motorola ဖုန်းကတော့ သုံးလပတ်အတွင်းမှာတင် အလုံး ၁.၀၆ သန်းအထိ ရောင်းချခဲ့ပြီး တစ်နှစ်အတွင်းမှာ လုံးရေ သုံးသန်းအထိ ရောင်းချနိုင်မယ်လို့ Lenovo က မျှော်လင့်လျက်ရှိနေပါတယ်။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com