11/04/2016

♪ iPhone 7 နှင့် 7 Plus ကို AYA Credit Card ဖြင့် လစဉ်အရစ်ကျ ဝယ်ယူနိုင် ♫


Apple ရဲ့ နောက်ဆုံးထွက် iPhone တွေဖြစ်တဲ့ iPhone 7 နဲ့ 7 Plus ကို Myanmar Plaza မှာရှိတဲ့ Telenor Brand Shop နဲ့  MDrive store တို့မှာ နိုဝင်ဘာလ (၄) ရက်နေ့ ကစပြီး လစဉ် အရစ်ကျငွေပေးချေစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ AYA Bank ရဲ့ Facebook Page မှ သိရပါတယ်။ AYA Credit Card  နဲ့ ဝယ်ယူလိုပါက SimplePay installment plan နှစ်မျိုး ဖြစ်တဲ့ 6-Month plan နဲ့ 12-Month plan တို့ နဲ့ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

6-Month Installment Plan

AYA Credit Card နဲ့ ဝယ်ယူပြီး 6 လတိတိ အရစ်ကျပေးချေပါက တစ်လကို အတိုး 1% နှုန်းနဲ့ (၆)လ အတွက် စုစုပေါင်းအတိုး 6% သာကျသင့်မှာဖြစ်ပါတယ်။

12-Month Instalment Plan

AYA Credit Card နဲ့ ဝယ်ယူပြီး 12 လတိတိအရစ်ကျပေးချေပါက တစ်လကို အတိုး 1%နှုန်း နဲ့ (၁၂)လ အတွက် စုစုပေါင်းအတိုး 12% သာကျသင့်မှာဖြစ်ပါတယ်။

ဥပမာ ။ ။ 12-Month အရစ်ကျဝယ်ယူခြင်း

1,073,000 ကျပ် တန်ဖိုးရှိတဲ့ iPh7 (32GB) ကိုဝယ်ယူပြီး AYA SimplePay 12-Month Plan နဲ့ လစဉ်အရစ်ကျပေးဆပ်ပါက အတိုးနှုန်းမှာ တစ်နှစ်စာ (12%) အတွက် 128,760 ကျပ်သာကျသင့်မှာဖြစ်ပါတယ်။

လစဉ်ဘဏ်သို့ပေးသွင်းရမယ့် ငွေပမာဏမှာ 100,147 ကျပ်(အတိုး 1% အပါအဝင်)ဖြစ်ပြီး 12လ ပေးဆပ်ရမှာဖြစ်ပါတယ်။ လစဉ်ကျသင့်ငွေကို သင့် Credit Card statement လစဉ်ရှင်းတမ်းများမှာဖော်ပြထားမှာဖြစ်ပြီးလစဉ် (၂၀) ရက်နေ့မတိုင်မီပေးဆပ်ရမှာဖြစ်ပါတယ်။

AYA Credit Card နဲ့ phone ဝယ်ယူပြီး AYA SimplePay အရစ်ကျစနစ် နဲ့ ပြန်လည်ပေးဆပ်မယ်ဆို ရင်လည်း  AYA SimplePay ဖုန်းနံပါတ် 09-458588953 ရုံးဖွင့်ရက် (9)နာရီ မှ (5)နာရီ အတွင်း ဆက်သွယ်အကြောင်းကြားဖို့ လိုအပ်မှာဖြစ်ပြီး  4.11.2016 မှ စတင်ကာ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ် ။ ဝယ်ယူမှုကို SimplePay သို့ပြောင်းလိုပါက လစဉ် Credit Card စာရင်းရှင်းတမ်းမထွက်မီ(လမကုန်ဆုံးမီ) အသိပေးရန်လိုအပ်တယ်လို့လည်း သိရပါတယ်။

iPhone 7 နဲ့ 7plus တွေကို credit card နဲ့ လစဉ်အရစ်ကျ ငွေပေးချေ ဝယ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံဖို့နဲ့ ပိုမိုသိရှိနိုင်ဖို့ အတွက်နိုဝင်ဘာလ (၄) ရက်နေ့ နံနက် ၉နာရီ Myanmar Plaza မှာကျင်းပပြုလုပ်မယ့် “Apple iPh7 Launch event @ Telenor Brand Shop, Myanmar Plaza “သို့ လာရောက်ပြီး လေ့လာစုံစမ်းကာ ဝယ်ယူနိုင်မှာဖြစ်ပြီး ပထမ ဝယ်ယူသူအယောက် (၁၀၀) အတွက် AYA မှာ အထူးလက်ဆောင်များလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

AYA Bank မှ MPU,UnionPay, JCB Credit Card အားလုံးနဲ့ SimplePay  အသုံးပြုနိုင်ပြီး SimplePay plan လျှောက်ထားနိုင်သော အသေးစိတ်အစီအစဉ်နှင့်အချက်အလက်များကို AYA Bank page မှ အချိန်နှင့်တပြေးညီ ဆက်လက်ကြေငြာသွားမှာဖြစ်သလို ပွဲနေ့မှာလည်း ရှင်းလင်းအသိပေးသွားမှာဖြစ်တယ် လို့ သိရပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com