11/04/2016

♪ Daily နဲ့ Weekly Bonus တွေ ထည့်သွင်းပေးတော့မယ့် Pokemon Go ♫


Pokemon Go အနေနဲ့ လျော့ကျသွားတဲ့ ကစားသမားအရေအတွက်ကို ပြန်လည်မြင့်မားစေဖို့အတွက် update တွေတစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်လာရာက အခုထပ်မံပြုလုပ်မယ့် update ကတော့ နေ့စဉ်နေ့တိုင်း ဆော့ကစားတဲ့သူတွေအတွက် Daily Bonus နဲ့ Weekly Bonus တွေ ထည့်သွင်းပေးတော့မှာဖြစ်တယ် လို့သိရပါတယ်။

Pokemon Go ကို နေ့တိုင်း အချိန်ပေးပြီးဆော့ကစားတဲ့ သူတွေအတွက်တော့ သတင်းကောင်းတစ်ခု လို့ပြောရမှာဖြစ်ပါတယ်။ Experience တွေကို များများနဲ့မြန်မြန် ရနိုင်မယ့် အကောင်းဆုံးသော အခွင့်အရေး တွေပါဝင်လာမှာဖြစ်ပါတယ်။

နေ့တိုင်းကစားသူတွေအနေနဲ့ နေ့တစ်နေ့အတွင်း ပထမဦးဆုံးဖမ်းတဲ့ Pokemon တစ်ကောင်အတွက် Daily Bonus အဖြစ် 500XP နဲ့ 600 Stardust ရရှိမှာဖြစ်ပြီး တစ်ရက်မှာ တစ်ကောင်ဖမ်းတာ (၇) ရက်ဆက်တိုက်ပြည့်ခဲ့ရင်တော့ Weekly Bonus အဖြစ် 2000 XP နဲ့ 2400 Stardust ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့တစ်နေ့မှာ ပထမဦးဆုံး PokeStop ကိုလှည့်ရင် daily bonus အဖြစ် 500 XP နဲ့အတူ item တွေပိုမိုရရှိမှာဖြစ်ပြီး (၇) ရက်ပြည့်ခဲ့ရင်တော့  Weekly bonus အဖြစ် 2000 XP နဲ့ ပိုများတဲ့ Additional Items တွေရရှိမှာဖြစ်ပါတယ်။

နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာပဲ ဆော့ဆော့ Daily Bonus ယူနိုင်ပြီး နောက်တစ်နေ့ရဲ့ 12:00 A.M. ရောက်တာတာနဲ့ Daily Bonus ထပ်ယူနိုင်မှာဖြစ်ပါတယ်။ အခု ထွက်ရှိမယ့် Update သတင်းကို Niantic ကိုယ်တိုင်ကြေညာထားတာဖြစ်ပြီး မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com