11/01/2016

♪ “Asus Zenfone 3 Deluxe 5.5” ♫


Asus Zenfone 3 Deluxe 5.5 ဟာ Full HD ဗီဒီယိုတွေရိုက်ကူးနိုင်သလို ဗီဒီယိုတွေကြည့်တဲ့အခါ၊ ဂိမ်းတွေ ကစားတဲ့အခါမှာလည်း Full HD မြင်ကွင်း တွေကို အပြည့်အ၀မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Dual SIM စနစ်ပါရှိကာ Nano SIM နဲ့ Micro SIM Card 2 Card ကိုတစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။

ဖုန်းအရွယ်အစားက 151.5x76.7x7.8mm ရှိပြီး 151g အလေးချိန်လေးပါတယ်။ မျက်နှာပြင်ကို IPS LCD capacitive touchscreen နဲ့ ဖန်တီးပြုလုပ်ပေးထားပြီး အကျယ် 5.5 inches ရှိတာကြောင့် မျက်နှာပြင် ကျယ်တဲ့ဖုန်းတစ်လုံးပါပဲ။ ၎င်းမျက်နှာပြင် က 1080x1920 pixels ပမာဏရှိတဲ့ မြင်ကွင်းတွေကိုပေးစွမ်းနိုင်ပြီး သိပ်သည်းဆ ပမာဏကတော့ ၁လက်မမှာ 401ppi pixel ရှိပါတယ်။

မျက်နှာပြင်ကို Corning Gorilla Glass 4 နဲ့ဖုံးအုပ်ကာကွယ်ပေးထားပြီး Multitouch စနစ်ကိုလည်း ထည့်သွင်းပေး ထားပါတယ်။ ၎င်း multitouch စနစ်က ဖုန်းမျက်နှာပြင်ပေါ်မှာ လက်ချောင်း ၁၀ ချောင်းအထိ တစ်ပြိုင်နက် တည်း ထိန်းချုပ်ခွင့် ကိုပေးနိုင်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ အနောက် ကင်မရာ ကို 16MPထိ ထောက်ပံ့နိုင်ပြီး အရှေ့ကင်မရာကိုလည်း 8MP ထိ ပေးစွမ်းနိုင်တာကြောင့် စွမ်းဆောင်ရည်မြင့်မားမှုရှိတာကိုတွေ့ရပါတယ်။ ၎င်းကင်မရာနဲ့ Full HD ဗီဒီယိုတွေကိုလည်း ရိုက်ကူး ပေးနိုင်ပါတယ်။

Internal Memory 64GB, RAM 4GB အပြင် micro SD Card ကို 256GB အထိ ထပ်မံ စိုက်ထည့်သုံးနိုင်တဲ့ အတွက် data သိမ်းဆည်းမှုပမာဏမလုံလောက်မှာကို စိုးရိမ်နေစရာမလိုတော့ပါဘူး။ ထည့်သွင်းပေးထားတဲ့ ဘက်ထရီကတော့
Li-Ion 3000mAh ပဲ ဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA/LTE
CPU - Quad-core 2.0GHz Cortex-A53
Memory - 64 GB (up to 256 GB)
OS - Android OS, v6.0.1 (Marshmallow)
Bluetooth - v4.2, A2DP, EDR, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com