11/01/2016

♪ " Acer ကနေထုတ်လုပ်ပေးလိုက်သော မျက်နှာပြင်ကွေး Predator 21X Gaming Laptop " ♫


စွမ်းဆောင်ရည်မြင့်မားပြီး လုပ်ဆောင်ချက်အသစ်များစွာပါဝင်လာသော Predator 21X Gaming Laptop ကို Acer က စတင်မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ Laptop ကို မျက်နှာပြင်ကွေး Curved Screen ပုံစံဖြစ်အောင်ဖန်တီးပေးထားကာ မျက်နှာပြင်အရွယ်အစားကတော့ 21.0 လက်မရှိပါတယ်။

ထို့အပြင် eye-tracking technology ကိုပါ ထည့်သွင်းပေးထားသောကြောင့် ဂိမ်းများကို ဆော့ကစားသည့် အခါတွင် သာမန်ထက် ပိုမိုထူးခြားကောင်းမွန်သော အတွေ့အကြုံတွေကို ရရှိခံစားနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်စေဖို့အတွက် 7th Generation Intel Core Processor နှင့် NVIDIA Geforce GTX 1080 GPU နှစ်ခုတို့ကို ထည့်သွင်းပေးထားသောကြောင့် လုပ်ဆောင်ချက်တွေကို မြန်ဆန်ပေါ့ပါးစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် အပူစွန့်ထုတ်မှု အကောင်းဆုံးဖြစ်စေဖို့အတွက် Cooling Fan ၅ ခုကိုပါ ထည့်သွင်းပေးထားသည်။

အသံထွက်ပိုင်းပိုမိုကောင်းမွန်စေဖို့အတွက် Speaker ၄ ခုနှင့် Subwoofer ၂ ခုတို့လည်း ပါရှိပါသည်။ အဆိုပါ Acer Predator 21X Gaming Laptop ကို လက်ရှိတွင် Pre-Order အနေဖြင့်လည်း မှာယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com