Vivo က X5Max ၏ အဆင့်မြင့် အမျိုးအစားဖြစ်သော X5Max+ ကို ပြသလိုက်ပါသည်။
Vivo က X5Max ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့ပြီး အထူမှာ ၄.၇၅
မီလီမီတာသာ ရှိသဖြင့် ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး
ဖြစ်ပါသည်။
X5Max+ တွင် Octa-Core 1.7GHz Processor ပါရှိသော MediaTek MT6752 Chipset , 2GB RAM ပါရှိပါသည်။
၅.၅ လက်မ 1080p Display , 13MP Rear Camera နှင့် SIM Slot နှစ်ခုပါရှိပါသည်။ 2300mAh Battery , Mali T760MP2 GPU ထည့်သွင်းထားပါသည်။ Hardware အသစ်များကြောင့် အထူမှာ ၅.၁ မီလီမီတာ အထိ တိုးမြင့်သွားပြီး Android KitKat မောင်းနှင်မည် ဖြစ်သည်။
Vivo X5Max+ ကို တရုတ်ယွမ် ၂၉၉၈ ( ယူရို ၄၃၀) ဖြင့် ရောင်းချပေမးည် ဖြစ်သည်။
Myanmar Digital Life Journal