3/16/2015

♪ နာမည်ကျော် SEO plug-in အားနည်းချက်ကြောင့် WordPress ဝက်ဘ်ဆိုက် သန်းပေါင်းများစွာ အန္တရာယ်ရှိနေ ♫


နာမည်ကျော် WordPress SEO plug-in ကို အသုံးပြုသည့် WordPress ဝက်ဘ်ဆိုက် သန်းပေါင်းများစွာ သည် အသစ်ဖြန့်ချိထားသည့် patch ကို အသုံးမပြုပါက ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံရနိုင်ကြောင်း သိရသည်။

WordPress SEO plug-in ကို ဒတ်ခ်ျကုမ္ပဏီ Yoast က ဖန်တီးထားပြီး ၎င်းတွင် တိုက်ခိုက်သူများက ဆိုက်၏ database ကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး administrative account အတုများ ထည့်သွင်းနိုင်သည့် အားနည်းချက် ပါဝင်ကြောင်း လုံခြုံရေး သုတေသီဖြစ်သူ ရိုင်ယန်ဂျူးဟတ်စ်က ပြောကြားခဲ့သည်။

အားနည်းချက်ရှာဖွေသည့် WPScan ကို တွဲဖက်တည်ထောင်သူလည်း ဖြစ်သည့် ဂျူးဟတ်စ်သည် blind SQL injection အားနည်းချက်ကို SEO plug-in တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းအားနည်းချက်သည် WordPress SEO version 1.7.3.3. နှင့် ယခင်ဗားရှင်းအဟောင်းများတွင် သက်ရောက်မှုရှိကြောင်း ဆိုသည်။

အခမဲ့ download ရယူနိုင်သည့် WordPress SEO plug-in ကို download ပြုလုပ်မှု အရေအတွက် ၁၄.၂ သန်းရှိသည်။ တရားဝင် WordPress ကိန်းဂဏန်း အချက်အလက်များအရ ၎င်း plug-in ကို install ပြုလုပ်မှု ၁ သန်းကျော်ရှိပြီး search engine optimization (SEO) အတွက် နာမည်ကျော် plug-in တစ်ခုဖြစ်သလို နာမည်ကျော် WordPress plug-in တစ်ခုအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Ref: ComputerWorld

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com