3/08/2015

♪ ဈေးသင့်တင့် စတိုင်ကျတဲ့ Samsung ရဲ့ GalaxyE5 နှင့် GalaxyE7 ♫


Samsung ဟာ ဈေးနှုန်းသင့်တင့် ဈေးကွက်ကို စတိုင်ကျတဲ့ ဖုန်းနဲ့ ထိုးဖောက်ဖို့အတွက် Samsung Galaxy A စီးရီးကို မိတ်ဆက်ပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ Samsung Galaxy E စီးရီးကို ထပ်မိတ်ဆက်ပြန် ပါတယ်။ သူဟာ E5 နဲ့ E7 ဖြစ်ပြီး လက်တလော အာရှမှာ အရောင်းသွက်နေတဲ့ စမတ်ဖုန်းများ ဖြစ်ပါတယ်။

Samsung Galaxy E7
Samsung Galaxy E7 က မျက်နှာပြင် အရွယ်အစား ၅.၅ လက်မရှိပြီး Super AMOLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ကင်မရာဟာ နောက် 13, ရှေ့ 5 Megapixel ရှိတာကြောင့် အဆင့်မြင့် စမတ်ဖုန်းမှာ မြင်တွေ့ရတဲ့ ကင်မရာ ကိုသာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ RAM 2GB ရှိပြီး Internal memory က 16 GB ပါဝင်ပါတယ်။ Processor က 1.2GHz quad-core ရှိပါတယ်။ OS ကတော့ Android OS 4.4 ဗားရှင်း ထည့်ထားပြီး upgrade ပြုလုပ်နိုင်ပါတယ်။ ဈေးနှုန်း ကတော့ မြန်မာကျပ်ငွေ ၃၄၅၀၀၀ ဝန်းကျင် ရှိပါတယ်။ SIM card ၂ ကဒ် ထည့်သုံးလို့ရပါတယ်။ memory က 64 GB အထိ ထည့်နိုင်ပြီး SD card ကဒ်ထည့်တဲ့အပေါက်ကို SIM Card ထည့်လို့ရအောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။

Samsung Galaxy E5
Samsung Galaxy E5 ကတော့ အရွယ်အစား ၅ လက်မ ရှိပြီး Display အရည်အသွေးကတော့ E7 နဲ့ အတူတူပါပဲ။ ကင်မရာ ကတော့ 8 MP (အနောက်) နဲ့ 5MP (အရှေ့) ကိုယ်စီ ပါဝင်ပါတယ်။ RAM ကတော့ 1.5 GB ပါဝင်ပါတယ်။ internal storage ကတော့ 16GB ပါပဲ။ SIM card ၂ ကဒ် ထည့်သုံးလို့ရပါတယ်။ memory က 64 GB အထိ ထည့်နိုင်ပြီး SD card ကဒ်ထည့်တဲ့အပေါက်ကို SIM Card ထည့်လို့ရအောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၈၀၀၀၀ (၂သိန်း၈သောင်း) ဝန်းကျင် ရှိပါတယ်။

Samsung Galaxy E5 နဲ့ E7 ကို ဖြူ၊ ညို၊ အနက် အရောင်သုံးမျိုးနဲ့ ရနိုင်ပါတယ်။ E7 ဆိုရင် file size ကြီး ဂိမ်းများ ဆော့နိုင်တာကို အားသာချက် တစ်ခုအပြင် အများစုက မြင်ကြပါတယ်။ Gameloft ဂိမ်မာများ အကြိုက်တွေ့တဲ့ ဖုန်း ဖြစ်ကြောင်းလည်း ဆိုပါတယ်။ သူတို့ နှစ်ခုစလုံးက ပလပ်စတစ်ဘော်ဒီ ဖြစ်ပြီး ဘေးဘောင်ကတော့ အလူမီနီယမ် ဖြစ်ပါတယ်။ ဈေးနှုန်းချင်းအတူတူမှာ Spec မြင့်တဲ့ တရုတ်ဖုန်းကို ရနိုင်ပေမယ့် Samsung ဆိုတဲ့ Brand တစ်ခုကြောင့်ရယ် သူ့ရဲ့ လှပတဲ့ ဒီဇီုင်းကြောင့်ရယ် ၃ သိန်းနဲ့ ၄ သိန်းလောက် ငွေရှိရင် Official ရောင်းချတဲ့ သူ့ကို comparison list ထဲမှာ ထည့်သွင်း စဉ်းစား ကြည့်နိုင်ပါတယ်။ လက်ရှိ မြန်မာပြည် ဈေးကွက်မှာ ရရှိ နေနိုင်ပြီ ဖြစ်တဲ့ စမတ်ဖုန်း ဖြစ်ကြောင်း သိရပါ တယ်။
YoYarLay
အောင်ခမ်း (ရိုးရာလေး)

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com