3/08/2015

♪ Samsung Galaxy S6 နှင့် Galaxy S6 Edge တို့ရဲ့အသေးစိတ်နှိုင်းယှဉ်ချက် ကွာခြားချက်များ ♫


Samsung Galaxy S6 နဲ့ S6 Edge တို့ဟာ ပလပ်စတစ်ကိုယ်ထည်နဲ့ ဖြုတ် / တပ် နိုင်တဲ့ ဘက်ထရီကို ဖယ်ရှားခဲ့ပြီး ဒီဇိုင်းအရလည်း နီးနီးစပ်စပ်ကို ဆင်တူခဲ့ပါတယ်။ အားလုံးမျှော်လင့် နေကြတဲ့ Galaxy S6 နဲ့ S6 Edge ကို MWC 2015 မှာ မြင်ကြရပြီး သတ္တုနဲ့ ဖန်သားတွေကို ပေါပေါများများ သုံးကာတည်ဆောက် ခဲ့ပါတယ်။

ဖုန်းနှစ်လုံးစလုံးဟာ Android Version 5.0 Lollipop ကိုသုံးထားပြီး 5.1 လက်မ display ပါဝင်ပါတယ်။ S6 Edge ကတော့ ကွေးဝိုက်ထားတဲ့ ဖန်သားပြင် နှစ်ခုဘေးမှာပါဝင်ပြီး Display အဖြစ် သုံးစွဲနိုင်ပါတယ်။ S6 နဲ့ S6 Edge ကို 2015 ဒုတိယသုံးလပတ်ထဲမှာ မှ စတင်ရောင်းချမှာဖြစ်ပေမယ့် ပုံစံအရကြည့်ရတာတင် Samsung ဟာ အောင်မြင်မှုကို ပြန်ရှာဖွေနိုင်မယ့်ပုံပါပဲ။

S6 မှာ သတ္တုကိုယ်ထည်ပါဝင်လာရုံတင်မကဘဲ လက်ဗွေဖတ်တဲ့ Scanner ကိုလည်း အဆင့်မြှင့်တင် ထာဲး့ပြီး Apple Play ကို ပြိုင်ဆိုင်မယ့် Samsung Pay ဆိုတဲ့ မိုဘိုင်းငွေပေးချေမှုပါဝင်ခဲ့ပါတယ်။ S6 နဲ့ S6 Edge မှာ ဖြုတ် / တပ်နိုင်တဲ့ ဘက်ထရီမပါသလို micro SD Card Slot နဲ့ ရေစိုဒဏ် ခံနိုင်စွမ်းလည်း မပါဝင်ခဲ့ပါဘူး။Samsung ရဲ့ ကိုယ်ပိုင် Exynos Processor ပါဝင်ပြီး Qualcomm ရဲ့ Snapdragon 801 သုံးထားတဲ့ ဖုန်းတွေကို ယှဉ်ပြိုင်ပါလိမ့်မယ်။ S6 Model အသစ်နှစ်ခုစလုံးဟာ wireless charging စနစ်တစ်ပါတည်းပါါဝင်လာသလို Gear VR Version အသစ်နဲ့လည်း တွဲဖက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ Features ၂ ခုစလုံးဟာ iPhone nမှာ မရနိုင်ပါဘူး။


Two Devices, One Family
================
Galaxy S6 နဲ့ S6 Edge ဟာ အများအာားဖြင့် specs တွေတူညီကြပြီး အရွယ်အစားနဲ့ ဘက်ထရီလောက်ပဲ မသိမသာကွဲပြားသွားပါတယ်။ အလူမီနီယံကိုယ်ထည်နဲ့ gorilla glass 4 ကို ရှေ့ကောနောက်မှာပါ သုံးထားတာကြောင့် အရင်ပလတ်စတစ် Galaxy မျိုးဆက်ဟောင်းတွေနဲ့ လုံးဝကို ကွဲပြားခဲ့ပါတယ်။ ဒါဟာ Samsung ပရိသတ်တွေနှစ်ပေါင်းများစွာမျှော်လင့်နေတဲ့ အကောင်းဆုံးတည်ဆောင်မှုပုံစံပါပဲ။ Samsung ဟာ သတ္တုအိမ်နဲ့ ဖုန်းကို Galaxy Alpha A5 နဲ့ A3 တို့မှာစမ်းသပ်ပြီး မှ တစ်ဆင့်ချင်းစီ Galaxy S6 ဆီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ S6 Edge ရဲ့အပေါ်ဘက်မှ nana SIM Card Slot ပါဝင်ပြီး ဖုန်းနှစ်ခုစလုံးဟာ micro-USB ကိုသုံးစွဲကြပါတယ်။ TV ရီမုဒ် အဖြစ်သုံးနိုင်ဖို့အတွက်လည်း IR blaster ပါဝင်ပါတယ်။

ကျောဘက်မှာတော့ 16 MP ကင်မရာနဲ့ heart rate sensor တို့ကို တွေ့ရပါလိမ့်မယ်။ Edge 6 ဟာ စာရွက်ပေါ်က ပမာဏအရ မသိမသာပိုထူပေမယ့် လက်ထဲမှာ ကိုင်ထားရတာကတော့ ပိုပါးသလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းနှစ်လုံးစလုံးဟာ လက်ထဲမှာ ကိုင်ရတာ ပါးလွှာသလို ဟန်ချက်လဲညီမျှတာကို တွေ့ရ ပါတယ်။

Screen Size
========
S6 နဲ့ S6 Edge ဟာ 5.1 လက်မအရွယ် display ကိုပဲဆက်သုံးခဲ့ပြီး ပုံမှန်သုံးစွဲမှုအတွက် အကောင်းဆုံး အနေအထားပဲဖြစ်ပါတယ်။ Screen အရွယ်အစားကို မတိုးခဲ့ပေမယ့် resolution ကိုတိုးခဲ့ပြီး 5.1 လက်မ AMOLED display ဟာ 2560x1440 pixels ထိ resolution ရှိလာခဲ့ပြီး pixels သိပ်သည်းဆ 577ppi ရှိခဲ့ကာ လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံး ppi ပဲဖြစ်ပါတယ်။

Camera
======
ဖုန်းရဲ့ကျောဘက်မှာ 16 MP ကင်မရာပါဝင်ပြီး အပြင်ကို နဲနဲထွက်နေပါတယ်။ Lens ကို အဆင့်မြှင့်တင် ထားခဲ့ပြီး F / 1.9 ရှိကာ optical image stabilization ပါဝင်ခဲ့ပါတယ်။ Auto-HDR လဲပါဝင်ပြီး white balance ကိုပါ အလိုအလျောက်ချိန်ပေးနိုင်ပါတယ်။ ရှေ့ဘက်မှာတော့ wide-angle 5MP ကင်မရာပါဝင်ပြီး အလင်းရောင်မှောင်တဲ့ နေရာတွေမှာလည်း ကောင်းမွန်စွာရိုက်နိုင်ပါလိမ့်မယ်။

Software
=====
Software အနေနဲ့ Android 5.0 Lollipop OS ကိုသုံးထားပြီး Touch Wiz UI ကိုလည်း အသစ်ဖြစ်အောင်ပြုပြင်ထားခဲ့ပါတယ်။ Samsung apps တွေပါဝင်ဆဲဖြစ်ပေမယ့် နည်းပါးသွားပြီး Milk Music & Video နဲ့ SHealth စတာတွေပဲ အဓိကပါဝင်ပါတယ်။ Samsung Apps တွေထပ်မံရလိုခဲ့ရင်တော့ Galaxy Essentials ကနေ ရွေးချယ်ရပါလိမ့်မယ်။ Samsung ဟာ လက်ဗွေဖက်တဲ့ Scan ကိုအဆင့်မြှင့်ခဲ့ပြီး အသစ်ဝယ်ယူခဲ့တဲ့ Loop Pay နည်းပညာကိုသုံးကာ မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်တဲ့ Samsung Pay ကိုစတင်ခဲ့ပါတယ်။

Hardware Triumphs
============
Samsung ဟာ သူ့ရဲ့ကိုယ်ပိုင် Exynos 7420 Chipset ကိုပဲသုံးထားပြီ Octa-core 64 bit CPU ဖြစ်ကာ Cortex A-57 Core ၄ ခုပါဝင်ပြီး 2.1 GHz မြန်နှုန်းနဲ့ Cortex A-53 core ၄ခု ကတော့ 1.5GHz မြန်နှုန်းကို ကိုယ်စီရှိကြပါတယ်။ Mail – T760 GPU ကိုသုံးထားပြီး 3 GB LPDDR4 RAM ပါဝင်ပါတယ်။ ဒီမျိုးဆက်သစ် RAM ကို 2015 ရဲ့အကောင်းဆုံးဖုန်းတွေမှာ ဆက်လက်မြင်ကြရဖို့မျှော်လင့်နိုင်ပါတယ်။ Samsung ဟာ ဘာဖြစ်လို့ Qualcomm chip တွေကို ဆက်မသုံးသလဲဆိုတာကိုတော့ ရှင်းလင်းပြသခြင်းမရှိခဲ့ပါဘူး။ S6 မှာ ဘက်ထရီကို လုံးဝမြှုပ်ထားတာဖြစ်လို့ ဖြုတ်/တပ်လို့မရနိုင်ပေမယ့် ဒီအတွက် ပိုကြာတဲ့ ဘက်ထရီသက်တမ်းကိုရပါလိမ့်မယ်။ ပါးလွှာမှုရှိဖို့အတွက် micro SD Card Slot ကိုဖယ်ရှားခဲ့ပေမယ့် ဖုန်းတွင်သိုလှောင်မှုကို မြှင့်တင်ပေးခဲ့ပြီး 32 GB , 64 GB, 128 GB ဆိုပြီး ထုတ်လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် Microsoft One Drive Storage ကို Free 115 GB ၂ နှစ်လည်း ရမှာဖြစ်ပါတယ်။

Home ခလုတ်ကိုနှစ်ချက်ဆက်နှိပ်ရင် ကင်မရာ app ပွင့်လာမှာဖြစ်ပြီး ဒါဟာကောင်းမွန်တဲ့ Features တစ်ခုပါ။ Home button မှာပဲ လက်ဗွေဖတ်တဲ့ scan ပါဝင်လာပြီး ယခင်ကထက် ပိုမိုကောင်းမွန်လာပါတယ်။ S6 ကော S6 Edge မှာပါ wireless charging တစ်ပါးတည်းပါဝင်ပြီး WPC နဲ့ PMA စံနှုန်းကိုသုံးပါတယ်။

Samsung က ကိုယ်ပိုင် Charging pad တွေရောင်းချပေးပေမယ့် အခြား Pad နဲ့လဲလိုက်ဖက်ညီနိုင်ပါတယ်။ နာရီဝက်နဲ့ 20% အားပြန်သွင်းနိုင်ပါတယ်။ Exynos Chip မှာ ဖုန်းကို အားအမြန်ပြန်သွင်းနိုင်တဲ့ Feature ပါဝင်ပြီး မိနစ် ၃၀ နဲ့ ၃၀% အားဖြင့်နိုင်တယ်လို့ဆိုပါတယ်။ ဒါအပြင် Qualcomm Quick Charge 2.0 နဲ့ အလုပ်လုပ်နိုင်ပါတယ်။ Galaxy S6 နဲ့ S6 Edge တို့ဟာ ရေစို မခံတဲ့အတွက် အများစုကတော့ ရေစိုခံတဲ့ S6 Active ကို နောက်ပိုင်းမှာ ထပ်တွေ့ရဖို့ မျှော်လင့်နေပါတယ်။

Everything Else
==========
Galaxy S6 မှာ 2559 mAh ဘက်ထရီပါဝင်ပြီး S6 Edge ကတော့ 2600 mAh ဘက်ထရီပါဝင်ပါတယ်။ NFC နဲ့ Bluetooth 4.1 ပါဝင်ပြီး Android ဖုန်းကောင်းကောင်းတွေတိုင်းမှာ မြင်ရဖို့မျှော်လင့်နိုင်တဲ့ Feature တွေပါဝင်နေပါတယ်။ S6 Edge မှာတော့ ဘေးမှာကွေးဝိုက်ထားတဲ့ Display ကြောင့် Feature အချို့ အပိုပါဝင်ခဲ့ပါတယ်။ Edge ဟာ နှစ်ဖက်စလုံးမှာ ကွေးထားတဲ့အတွက် notification တွေ ကို နှစ်သက်ရာဘက်ကို ပြောင်းနိုင်ပါလိမ့်မယ်။ Galaxy S6 နဲ့ S6 Edge ဟာ 10 ရက်ဝန်းကျင်မှာ နေရာ တစ်ချို့ကိုစတင်ရောက်ရှိမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Net Guide Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com