3/04/2015

Property က စီးပွားစတင်လိုသူများအတွက် အခက်အခဲ ဖြစ်နေပြီလား


စီးပွားစတင်လိုသူများအတွက် ရင်ဆိုင်ရမယ့် အခက်အခဲတွေက အများကြီးပဲ။ ငွေကြေးက အခြေခံအားဖြင့် လိုအပ်တဲ့ အရာတစ်ခုကို အကြမ်းဖျဉ်းပြောလိုက်လို့ ရပေမယ့် အသေးစိတ်ကို လေ့လာ ကြည့်ရအောင်။ အဓိကအားဖြင့် Startup တစ်ခု စလုပ်တော့မယ်ဆိုရင် idea က ပထမဆုံး အခြေခံကျတဲ့ အချက် တစ်ခု ဖြစ်ကြောင်း အများစု လက်ခံထားကြ ပါတယ်။ အိုင်ဒီယာတစ်ခု မရှိပဲ စီးပွား တစ်ခု စတင်လို့ မရပါဘူး။ ဆက်လက်ပြီးတော့ ယင်း အိုင်ဒီယာကို inplant လုပ်တော့မယ်ဆိုရင် အတူ လုပ်မယ့် Human Resource လိုပါလိမ့်မယ်။ ကိုယ့်ဆီမှာ Plan ရှိပြီဆိုရင် ဒါကို execuse လုပ်ဖို့အတွက် လူ့စွန်းအားကတော့ လိုစမြဲ ပါပဲ။ နောက်ထပ် ဘာလိုသလဲပေါ့။ Resource လို့ ခေါ်တဲ့ နေရာမှာ လူတွေဟာ Resource မဟုတ်ပဲ Material နဲ့ အခြားသော လိုအပ်ချက် များစွာဟာလည်း resource ခေါင်းစဉ် အောက်ထဲကို ဝင်ပါတယ်။

လူ့စွန်းအားရှိပြီးပြီ အဓိကကျတဲ့ နောက်တစ်ခုက property ဖြစ်ပါတယ်။ ဒီလူတွေကို တစ်နေရာတည်းမှာ ဗဟိုချက်ချပြီး စီမံခန့်ခွဲနိုင်အောင် လုပ်နိုင်အောင်ဆိုတာ ရုံးတစ်ခုကတော့ လိုစမြဲ ဖြစ်ပါတယ်။ ရုံးမရှိပဲနဲ့ remote အလုပ်လုပ်ပြီး စီးပွားစတင်လို့ အောင်မြင်တယ်ဆိုတာ ရှားပါတယ်။ အနည်းဆုံးကတော့ အမြဲ တွေ့ဆုံလို့ရမယ့် နေရာလေး တစ်ခုကတော့ လိုစမြဲ ဖြစ်ပါတယ်။ ဒ့ါအပြင် အလုပ် ဆိုတာ အိမ်မှာ လုပ်တာထက်ရုံးလေးနဲ့ လုပ်မှ ပိုပြီးတော့ တွင်ကျယ်တာကြောင့် ရုံးနေရာ ကတော့ ရှိဖို့ လိုစမြဲပါပဲ။ မြန်မာပြည်မှာ ပထမဆုံး ရင်ဆိုင်ရတဲ့ စီးပွား စတင်ရန် အခက်အခဲကတော့ အိုင်ဒီယာ မဟုတ်ပဲ အခန်း နေရာ ဖြစ်ပါလိမ့်မယ်။ အကြောင်းကတော့ လူတိုင်းမှာ အိုင်ဒီယာ ရှိနေလို့ ဖြစ်ပါတယ်။ Sustainablity ဘယ်လောက် ရှိတယ် မရှိဘူးဆိုတာ မသိပေမယ့် အားလုံးမှာ အိုင်ဒီယာ ကိုယ်စီ ရှိတာတော့ သေချာ ပါတယ်။ ဒါပေမယ့် ဒါတွေကို Processing လုပ်ဖို့အတွက် ရုံးခန်းကတော့ လိုစမြဲ ဖြစ်ပြီး နည်းပညာ ကုမ္ဗဏီဆိုတာ အင်တနက်ဟာ နံပါတ် တစ်လိုအပ်ချက် ဖြစ်နေခဲ့ ပြန်ပါတယ်။

ဒီတော့ ရုံးခန်းတည်ဖို့အတွက် ရန်ကုန်ဟာ အကောင်းဆုံးမြို့ ဖြစ်ပြီး အခန်း တန်ဖိုးကတော့ ၁သိန်းခွဲကနေ စပါလိမ့်မယ်။ အကယ်၍ ၁သိန်းခွဲတန် တစ်လစာ တန်ဖိုး အခန်းကို ငှားရင် ရုံးခန်းလို့ မမည်နိုင်ပါဘူး။ ရုံးခန်းလို့ ဆိုလိုက်ရင် သူ့မှာ ရှိရမယ့် အရည်အချင်း များစွာ ရှိပြီး တကယ် ရုံးလို့ ခေါ်နိုင်မယ့် နေရာကို ငှားရင်တော့ အနည်းဆုံး ၇ သိန်း ၈ သိန်းကနေ စပါလိမ့်မယ်။ ဒီဈေးတွေကို ပါးစပ်ပြော ဖြစ်နေတာထက် ကိုယ်တိုင်လည်း အခန်းဈေးတွေ သိနိုင်အောင် www.imyanmarhouse.com တို့လို နေရာမှာ လေ့လာ စမ်းစစ်ကြည့်နိုင်ပါတယ်။ အချို့ ငွေရှိတဲ့ ကုမ္ဗဏီဟာ လုံးချင်း အိမ်ကို အခန်း လုပ်တာမျိုးတို့ လုပ်ပါတယ်။

ငွေမရှိတဲ့သူများက အခန်းကျဉ်းမှာ စပါတယ်။ အဓိကအားဖြင့်ကတော့ ရုံးဆိုတာကို ရုံးလို့ ဆိုလို့ရအောင် ပြည့်စုံတဲ့ အင်တာနက်၊ မီး၊ ရေ၊ စားပွဲ အစရှိသဖြင့်တို့နဲ့ ကုန်ကျစရိတ် ထည့်တွက်လိုက်ရင် အခန်းငှားရန်နဲ့ ဝန်ထမ်းစရိတ်ပေါင်းလိုက်ရင် သိန်း ၁၀၀ နီးနီးလောက် ထွက်တဲ့ မိတ်ဆွေ တစ်ဦးရဲ့ Startup ကို သွားတွေ့ ပါတယ်။ အခန်းအခက်အခဲ အကြောင်းအရာတွေကို MobileMonday Yangon (www.mobilemondymm.com) ပွဲမှာ မြန်မာပြည်မှ လူသိများ entrepreneur တစ်ဦးဖြစ်တဲ့ ကိုသာထက်မှလည်း အခန်းအခက်အဲကို မျှဝေသွားခဲ့ပြီး ဖြစ်ပါတယ်။