3/07/2015

♪ Physical keyboard မပါဝင်သည့် Leap စမတ်ဖုန်းကို BlackBerry မိတ်ဆက်ပြသ ♫


BlackBerry သည် physical ခလုတ်များ မပါဝင်သည့် touch-screen ဖုန်းတစ်မျိုးကို Mobile World Congress ကုန်စည်ပြပွဲတွင် မိတ်ဆက်ပြသခဲ့သည်။

Leap ဟုခေါ်သည့် အဆိုပါ စမတ်ဖုန်းသစ်တွင် 720 x 1280 pixel resolution ဖြင့် ဖော်ပြပေးနိုင်မည့် ၅ လက်မ HD display အပြင် 1080p ဖြင့် ရိုက်ကူးနိုင်မည့် 8-megapixel ကင်မရာတို့ ပါဝင်သည်။ ၎င်းတွင် BlackBerry operating system သစ်ကို အသုံးပြုထားပြီး 2800mAh ဘက်ထရီကို အသုံးပြုထားသည်။ ဘက်ထရီသက်တမ်းမှာ ၂၅ နာရီဖြစ်ကြောင်း BlackBerry မှ ပြောကြားခဲ့သည်။

ပရိုဆက်ဆာ အနေဖြင့် Qualcomm MSM 8960 1.5GHz ကို အသုံးပြုထားပြီး သိုလှောင်မှုပမာဏ အနေဖြင့် 16GB ထောက်ပံ့ပေးထားသည်။ သို့ရာတွင် microSD card မှတစ်ဆင့် 128GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။ ကြိုးမဲ့စနစ် ချိတ်ဆက်မှုများအဖြစ် 802.11 b/g/n wireless, 4G mobile hotspot, Wi-Fi Display/Miracast, Bluetooth 4.0 နှင့် GPS စသည်တို့ ပါဝင်သည်။

BlackBerry Leap သည် အလယ်အလတ်စား ထုတ်ကုန်တစ်ခုဖြစ်ပြီး ၎င်းကို ဧပြီလတွင် ဥရောပ၌ အမေရိကန်ဒေါ်လာ ၂၇၅ ဖြင့် ရောင်းချသွားမည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျွန်ချန်က ပြောကြား ခဲ့သည်။

Ref: BBC

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com