3/17/2015

♪ Microsoft ရဲ့ခေါက်ချိုးနိုင်တဲ့ ကီးဘုတ် ♫

microsoft-universal-foldable-keyboard-640x0

Microsoft က Windows , Android , iOS Device အားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Universal Keyboard ကို ထုတ်လုပ်ပေးထားပါတယ်။ အဲဒီကီးဘုတ်ကို ခေါက်ချိုးနိုင်တဲ့ အတွက် သွားလေရာ ယူဆောင် အသုံးပြုဖို့ သင့်တော်ပါတယ်။ Microsoft က အဲဒီ ကီးဘုတ်ကို ဇူလိုင်မှာ စတင်ရောင်းချမှာပါ။

Microsoft Universal Foldable Keyboard ဟာ ၂၀၁၄ ခုနှစ်မှာ ပြသခဲ့တဲ့ Windows, Android, iOS Device တွေနဲ့ Bluetooth ကနေ ချိတ်ဆက်နိုင်တဲ့ Universal Mobile Keyboard ရဲ့ မျိုးဆက် လည်း ဖြစ်ပါတယ်။ အခု ကီးဘုတ် အသစ်ကလည်း Bluetooth ဆက်သွယ်မှုနဲ့ Device များကို ချိတ်ဆက် မှာပါ။

ကီးဘုတ်အသစ်ကို ခေါက်ချိုး ထားခြင်းမရှိရင် ၁၁.၆၁ လက်မ အကျယ်နဲ့ ၄.၉ လက်မ အမြင့်ရှိတဲ့အတွက် Universal Mobile Keyboard ထက် ကြီးမားပါတယ်။ ဒါပေမယ့် ခေါက်ချိုးထားရင်တော့ ကီးဘုတ် အသစ်ဟာ အဟောင်းထက် အရွယ်သေးငယ်ပြီး ပါးလွှာပါတယ်။ ကီးဘုတ်အသစ်မှာ ရေစိုခံတဲ့ ခလုတ်တွေ ကို တပ်ဆင်ပေးထားပါတယ်။

ကီးဘုတ်ကို တစ်ခါအားသွင်းထားရင် သုံးလအသုံးခံပါတယ်။ ဇူလိုင်လမှာ ဒေါ်လာ ၉၉.၉ နဲ့ ရောင်းချပေး မှာ ဖြစ်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com