3/12/2015

♪ Kyocera ရဲ့ နေရောင်ခြည်စွမ်းအင်သုံး စမတ်ဖုန်း ♫

1

ဂျပန်အခြေစိုက် Kyocera က နေရောင်ခြည်စွမ်းအင်သုံး စမတ်ဖုန်းကို တီထွင်နေပါသည်။

Brigadier နှင့် DuraForce တို့ကဲ့သို့ အကြမ်းခံသည့် စမတ်ဖုန်းများကို အဓိက ထုတ်လုပ်သည့် Kyocera သည် သူ၏ စမတ်ဖုန်းအဟောင်းတစ်လုံးကို နေရောင်ခြည်စွမ်းအင်မှ အားဖြည့်ပေးနိုင်သည့် နည်းပညာ ထည့်သွင်းထားပါသည်။

Kyocera က Torque SKT01 ဟု အမည်ပေးထားသော အဆိုပါ ဖုန်းသည် နမူနာပုံစံအဆင့်သာ ရှိပါသေး သည်။ စမတ်ဖုန်းသည် သဘာဝ အလင်းရောင်မှသာမက မီးအလင်းရောင်များမှလည်း အားဖြည့်နိုင်ပါ သည်။ Kyocera သည် နမူနာ စမတ်ဖုန်းကို တီထွင်ရန် Sunpartner ၏ Wysips Crystal နည်းပညာကို အသုံးပြုထားပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com