1/20/2015

♪ ZTE က ခြောက်လက်မအရွယ် Grand X Max+ စမတ်ဖုန်းကို ကြေညာ ♫

1

ZTE က Grand X Max Phablet ၏ စွမ်းဆောင်ရည်မြင့် အမျိုးအစားကို CES တွင် ကြေညာလို်က်ပါသည်။ Grand X Max+ ဟု အမည်ပေးထားပြီး ခြောက်လက်မ 720p Display တပ်ဆင်ထားပါသည်။ တစ်လက်မ လျှင် Pixel သိပ်သည်းဆမှာ ၂၄၅ ဖြစ်ပါသည်။ မျက်နှာပြင်၏ ဘယ်နှင့် ညာဘက်ရှိ ဘောင်များကို အလွန်သေးငယ်စေရန် ပြုလုပ်ထားပါသည်။

Android 4.4 KiaKat , 1.2GHz Quad-Core Snapdragon 400 Processor ပါရှိပြီး RAM အပိုင်းတွင် မူလအမျိုးအစားထက် နှစ်ဆပိုများသော 2GB ပါရှိပါသည်။ 16GB Internal Storage ပါရှိပြီး 32GB အထိ ၀င်ဆန့်သော microSD Card အသုံးပြုနိုင်ပါသည်။

အနောက်ဘက်တွင် 13MP Camera နှင့် LED Flash ပါရှိပါသည်။ မျက်နှာချင်းဆိုင်တွင် မူလ အမျိုးအစား၏ 1MP ထက် ပိုကောင်းသော 5MP Camera တပ်ဆင်ထားပါသည်။

ZTE Grand X Max+ တွင် 3200mAh Battery ပါရှိပြီး ဖုန်းပြောလျှင် ခြောက်နာရီနှင့် မိနစ် သုံးဆယ် အသုံးခံပါသည်။ ဘက်ထရီအားကို အမြန်ဖြည့်တင်းပေးနိုင်သော QuickCharge 1.0 ပါရှိပါသည်။ ဆက်သွယ်မှုတွင် LTE, WiFi b/g/n , Bluetooth 4.0 ပါရှိပါသည်။ ရုပ်ရှင်ကြည့်လျှင် အသံ ထွက်ကောင်းစေသည့် Dolby Tech ပါရှိပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com