1/13/2015

♪ Xiaomi က SIM Slot နှစ်ခုစလုံးတွင် 4G ကို အထောက်အပံ့ပေးသော Redmi 2 စမတ်ဖုန်းကို ကြေညာ ♫

2

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi က Redmi 2 စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပါသည်။ အာရှထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာသော Xiaomi ခေါ် ရှောင်မီသည် ဈေးသက်သာပြီး 4G LTE အသုံးပြုနိုင်သော Redmi 2 ကို ရောင်းချတော့မည် ဖြစ်သည်။

Redmi 2 တွင် 1.2GHz Quad-Core 64-bit Snapdragon SoC , 1GB RAM, 8GB Internal Storage တပ်ဆင်ထားပြီး MicroSD Card အသုံးပြုနိုင်ပါသည်။ ၄.၇ လက်မ 720p IPS LCD Display ပါရှိပါသည်။ အနောက်ဘက်တွင် 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 2MP Camera ကို တပ်ဆင်ပေးထားပါသည်။ 2200mAh Battery ပါရှိပါသည်။ Dual SIM အမျိုးအစား ဖြစ်ပြီး SIM Slot နှစ်ခုစလုံးတွင် 4G LTE ကို အထောက်အပံ့ပေးပါသည်။

စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်သော်လည်း ဈေးအလွန်သက်သာပါသည်။ Xiaomi က Redmi 2 ကို တရုတ်ယွမ်ငွေ ၆၉၉ ( ဒေါ်လာ ၁၁၂) ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ အဖြူ၊ အနက်၊ အ၀ါ၊ အစိမ်းနှင့် ပန်းရောင် ငါးမျိုး ရွေးချယ်နိုင်ပြီး တရုတ်တွင် ၉ ရက်နေ့ ၌ စတင်ရောင်းချပေးမည် ဖြစ်သည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com