1/13/2015

♪ Alcatel က Windows Phone, Android, Firefox OS သုံးမျိုး အသုံးပြုနိုင်သော OneTouch Pixi 3 စမတ်ဖုန်းများကို ပြသ ♫

1

တရုတ် ကုမ္ပဏီ Alcatel က သူ၏ ပထမဆုံး စမတ်နာရီကိုသာမက Pixi 3 စမတ်ဖုန်းများကို လည်းပြသ လိုက်ပါသည်။ Pixi 3 သည် ၂၀၁၃ ခုနှစ်တွင် ရောင်းချခဲ့သော Pixi နှင့် ၂၀၁၄ ခုနှစ်တွင် ရောင်းချခဲ့သော Pixi 2 ၏ မျိုးဆက်ဖြစ်ပါသည်။

Pixi 3 စမတ်ဖုန်းများတွင် 3.5”, 4” , 4.5” , 5” စသည့် မတူညီသော မျက်နှာပြင်များ ထည့်သွင်း ထားပါသည်။ အသေးဆုံး မျက်နှာပြင် တပ်ဆင်ထားသော စမတ်ဖုန်းတွင် 3G အသုံးပြုနိုင်ပြီး အခြား သုံးလုံး တွင် 4G အသုံးပြုနိုင်ပါသည်။

Pixi 3 စမတ်ဖုန်းများ၏ ထူးခြားချက်မှာ အဓိက Mobile OS များဖြစ်သည့် Firefox, Windows , Android သုံးမျိုးစလုံးကို ထည့်သွင်းအသုံးပြုနိုင်ခြင်း ဖြစ်ပြီး Pixi, Pixi 2 တို့ကဲ့သို့ Android တစ်မျိုး သာ မောင်းနှင်နိုင်ခြင်း မဟုတ်ပါ။

Pixi 3 စမတ်ဖုန်းများ၏ အသေးစိတ် သတင်းအချက်အလက်များကို Consumer Electronics Show တွင် ကြေညာမည် ဖြစ်သည်။
Myanmar Digital Life Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com