1/07/2015

♪ သိန်း ၆၀ တန် စမတ်ဖုန်း Tonino Lamborghini ♫


The Tonino Lamborghini Group ဆိုတာ ဇိမ်ခံ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပြီး ပြိုင်ကား ကုမ္ပဏီနှင့် မသက်ဆိုင်ပါဘူး။ ပုံမှာ မြင်တွေ့ နေရတဲ့ ဖုန်းဟာ ဆိုရင် ပြီးခဲ့တဲ့ လက်တလောကမှ ကြေညာခဲ့တဲ့ ဇိမ်ခံစမတ်ဖုန်း ဖြစ်ပါတယ်။ Tonino Lamborghini လို့ အမည်ရ ပါတယ်။
Tonino Lamborghini ဆိုတာ ကုမ္ပဏီတည်ထောင်သူရဲ့ အမည်လည်း ဖြစ်ပါတယ်။ စမတ်ဖုန်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆၀၀၀ ကျော် တန်ကြေးရှိပြီး မြန်မာငွေဈေးနဲ့ တွက်ရင် အနည်းဆုံး သိန်း ၆၀ အောက်ထစ်မှာ ရှိပါတယ်။ သံချေးမတက် စတီး အကောင်းစားနဲ့ အဆင့်မြင့် သားရေ အစစ်တို့နဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်လိုက်တာနဲ့ ဖုန်းအကောင်းစားမှန်း သိသာစေပါတယ်။ ၅ လက်မ အရွယ် Full HD Display နဲ့ ဖြစ်ပြီး ကင်မရာက နောက်မှ 20 Megapixel ရှေ့မှာ 8 Megapixel ရှိပါတယ်။ ကင်မရာမှာ Dual Flash ပါဝင်ခြင်းကြောင့် ည ရိုက်ကွင်း အတွက်ကောင်းကြောင်း ဆို ပါတယ်။ Sony နောက်ဆုံးပေါ် စမတ်ဖုန်းများရဲ့ ကင်မရာများနဲ့ အတူတူပဲလို့ ဆိုထားပါတယ်။
2.3GHz quad-core Qualcomm Snapdragon 801 chipset, 3GB RAM, တို့ ပါဝင်ပြီး 64GB of storage ပေးထားပါသေးတယ်။ ဒါ့အပြင် microSD card slot လည်း ပါဝင်တာကြောင့် memory ထပ်တိုးနိုင်ပါတယ်။ 3,400mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ 4G Network မှာ အသုံးပြုရန် သင့်တော်ပြီး Sim Card နှစ်ကဒ်လည်း ထည့်လို့ ရသတဲ့။ သူ့မှာ အထူးခြားဆုံး အချက်က ဖုန်းကို စက်နဲ့ assemble လုပ်ထားခြင်း မဟုတ်ပဲ အင်ဂျင်နီယာနဲ့ ဒီဇိုင်နာများက စိတ်ရှည်လက်ရှည်နဲ့ တစ်လုံးချင်းကို တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။
Android 4.4.4 OS ကို အသုံးပြုထားပြီး ယင်းဖုန်းဝယ်မှသာ ရနိုင်တဲ့ Ringtone ၁၃ မျိုးကိုလည်း ထည့်သွင်းထားပေးသတဲ့။ ယင်း ringtone ကလည်း disc jockey နဲ့ producer DJ Ravin တို့မှ ဘယ်နေရာမှာမှ Publish မလုပ်ပဲ Tonino Lamborghini စမတ်ဖုန်း အတွက် သီးသန့် ဖန်တီးထားပေးတဲ့ Music ဖြစ်ပါတယ်။ ယင်း စမတ်ဖုန်းအပြင် Lamborghini က နှစ်စဉ် ထုတ်လုပ်လျက် ရှိတဲ့ ဇိမ်ခံ ပစ္စည်း တစ်ဖြစ်လဲ စမတ်ဖုန်းများကို http://www.lamborghinimobile.com/en/ ထဲမှာ ဝင်ရောက် လေ့လာ ကြည့်နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com